အင်ဒိုနီးရှားဆူနာမီအတွင်းက သူရဲကောင်းအဖြစ် လေကြောင်းလမ်းပြကို သတ်မှတ်ဂုဏ်ပြု

၂ အောက်တိုဘာ

အင်ဒိုနီးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ သောကြာနေ့ညပိုင်းက လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်နဲ့ ဆူနာမီ မဖြစ်မီ ခရီးသည်တင် လေယာဉ်တစ်စင်း မြေပြင်ကနေ လုံခြုံဘေးကင်းစွာ ပျံသန်းနိုင်ရေးအတွက်  လေကြောင်းလမ်းပြတစ်ဦးဟာ လေကြောင်းပြမျှော်စင်ပေါ်ကနေ ဆင်းသွားဖို့ ငြင်းဆန်ပြီး နောက်ဆုံးအချိန်အထိ အလုပ်လုပ်သွားခဲ့ပါတယ်။ 

လေကြောင်းပြဟာ အသက် ၂၁ နှစ်သာရှိသေးတဲ့ အန်သိုနီယက် ဂူနာဝမ် အက်ဂမ် ဖြစ်ပါတယ်။ တခြားလေကြောင်းလမ်ပြတွေ လေကြောင်းပြမျှော်စင်ပေါ် ဆင်းသွားချိန်မှာ အက်ဂမ်တစ်ယောက်တည်းသာ ကျန်နေရစ်ခဲ့ပြီး ခရီးသည်တင် ဘာတိတ် လေကြောင်းလိုင်းပိုင် လေယာဉ်ကို ဘေးကင်းစွာ ပျံသန်းသွားနိုင်တဲ့အထိ လမ်းပြပေးခဲ့ပါတယ်။

ခရီးသည်တင်လေယာဉ် ဝေဟင်ထဲရောက်သွားတဲ့အခါမှာ ငလျင် အင်အားပိုပြင်းထန်လာတဲ့အတွက် အက်ဂမ်ဟာ လေးထပ်အဆောက်အအုံ မျှော်စင်ပေါ်ကနေ ခုန်ချခဲ့တဲ့အတွက် ခြေတစ်ဖက်ကျိုးပြီး အတွင်းဒဏ်ရာရရှိခဲ့ပါတယ်။ 

ဒဏ်ရာရရှိတဲ့ အက်ဂမ်ကို နီးစပ်ရာဆေးရုံကို ပို့ဆောင်ပြီး ဆေးကုသခံယူခဲ့ပါတယ်။ ဆေးဝါးကိရိယာစက်ပစ္စည်းအပြည့်ရှိတဲ့ ဆေးရုံတစ်ရုံကို ပို့ဆောင်ပြီး ဆေးကုသခံယူဖို့ လုပ်ဆောင်စဉ် လူနာတင်ရဟတ်ယာဉ် မရောက်လာခင်မှာ အက်ဂမ် သေဆုံးခဲ့ပါတယ်။

အက်ဂမ်ဟာ သူ့ရဲ့ တာဝန်ဝတ္တရားကို နောက်ဆုံးအချိန်အထိ ထမ်းဆောင်ခဲ့တဲ့အတွက် လေကြောင်းကုမ္ပဏီက ရာထူးအဆင့် ၂ ဆင့်တိုးပေးပြီး ကျေးဇူးတင်လွှာ ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ 

MDN
ကိုးကား-AFP