အင်ဒိုနီးရှားမှာ ဆိုပုတန် မီးတောင်ပေါက်ကွဲ

၃ အောက်တိုဘာ

အင်ဒိုနီးရှားနိုင်ငံ၊ ဆူနာမီငလျင်လှုပ်ခတ်ခဲ့တဲ့ စူလာဝေစီကျွန်းရှိ ဆိုပုတန် မီးတောင် ဒီကနေ့ ပေါက်ကွဲခဲ့ကြောင်း သိရပါတယ်။ မီးတောင်ပေါက်ကွဲမှုကြောင့် ချော်ပြာမှုန့်တွေဟာ အမြင့် ၄၀၀၀ မီတာ အထိ ပျံ့လွင့်နေတာကို တွေ့မြင်ရပါတယ်။ 

မီးတောင်ပေါက်ကွဲတဲ့ နေရာနဲ့ အနည်းဆုံး နှစ်မိုင်ခွဲနေရာမှာ နေကြဖို့ ဒေသခံတွေကို နိုးဆော်ထားပါတယ်။ အခုချိန်ထိတော့ ဒေသခံတွေကို နေရာရွေ့ပြောင်းစရာ မလိုသေးကြောင်း နိုင်ငံတော်သဘာဝ ဘေးအန္တရာယ်အဖွဲ့ က ပြောပါတယ်။

ပုံမှာမြင်ရတဲ့အတိုင်း မီးတောင်ထိပ်ဝကနေ မှိုပွင့်သဏ္ဍန် ချော်ပြာမှုန့်တွေဟာ အထက်ကောင်းကင်ယံကို တက်သွားတာကို မြင်တွေ့ရပါတယ်။ ဆိုပုတန် မီးတောင်ဟာ ဆူနာမီငလျင်ခံခဲ့ရတဲ့ ပလူမြို့ကနေ ကီလိုမီတာ ၁၀၀၀ လောက်အကွာမှာ တည်ရှိပါတယ်။ ဆူနာမီငလျင်ကြောင့် လူပေါင်း ၁၄၀၀ လောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာပေါ်မှာ ငလျင်လှုပ်ခတ်မှုနဲ့ မီးတောင်ပေါက်ကွဲမှုတွေ မကြာခဏဖြစ်ပေါ်တတ်တဲ့ ရပ်ဝန်းမှာ တည်ရှိပါတယ်။

MDN
ကိုးကား-AFP