အင်ဒိုနီးရှားနိုင်ငံမှာ ဆူနာမီငလျင်ကြောင့် လူပေါင်း ၄၀၀ နီးပါး သေဆုံး

၂၉ စက်တင်ဘာ 

အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်းရှိ ဆူလာဝေစီ ကျွန်းပေါ်မှာ စက်တင်ဘာလ ၂၈ ရက်နေ့ ညပိုင်းက ၇.၅ ရစ်ချက်တာ စကေးပြင်းထန်တဲ့ ငလျင်လှုပ်အပြီး ၅ ပေအမြင့်ရှိ ဆူနာမီလှိုင်းလုံးများ ဖြစ်ပေါ်လာသောကြောင့် လူပေါင်း ၃၈၄ ဦးအထိ သေဆုံးကြောင်း နဲ့ လူပေါင်း ၅၄၀ လောက်ကလည်း ဒဏ်ရာအပြင်းထန် ရရှိထားကြောင်း နောက်ဆုံးရရှိတဲ့ သတင်းတွေအရ သိရပါတယ်။  

ဆေးရုံတွေမှာ ရာနဲ့ချီတဲ့ ဒဏ်ရာရရှိသူတွေ ရောက်ရှိနေတဲ့အတွက် ကုသရေးပိုင်းမှာ အခက်အခဲတွေ ရှိနေကြောင်း၊ သေဆုံးသူဦးရေ ထပ်တိုးနိုင်ကြောင်း အင်ဒိုနီးရှား သဘဝဘေးအန္တရာယ် ကာကွယ်ရေးအဖွဲ့က ပြောကြားပါတယ်။ 

ဆူလာဝေစီကျွန်းပေါ်က ဆူနာမီဒဏ်ခံရတဲ့ ပလူမြို့မှာ လူပေါင်း သုံးသိန်းခွဲကျော် နေထိုင်ကြောင်း သိရပါတယ်။

သဘဝဘေးအန္တရာယ် ကာကွယ်ရေးအဖွဲ့က ရရှိတဲ့ပုံတွေအရ ပလူမြို့ရှိ ဈေးဝယ်စင်တာ တစ်ခုရဲ့ အထပ်တစ်ခု ပြိုကြသွားပုံ၊ အဆောက်အအုံတွေကို အပြိုအပျက်ပုံတွေနဲ့ စင်္ကြံတွေကြားမှာ  ကြီးမားတဲ့ အက်ကြောင်းဖြစ်နေပုံတွေ၊ ဒေသတွင်းက ဟိုတယ်တစ်ခုနဲ့ အိမ်တွေ လုံးဝပြိုကြသွားပုံတွေနဲ့အတူ ပလူမြို့ဂုဏ်ဆောင် တံတားတစ်စင်းကလည်း အပျက်အစီးတွေနဲ့ ကျန်ခဲ့ကြောင်း သိရပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာပေါ်မှာ ငလျင်လှုပ်ခတ်မှုနဲ့ မီးတောင်ပေါက်ကွဲမှုတွေ မကြာခဏဖြစ်ပေါ်တတ်တဲ့ ရပ်ဝန်းမှာ တည်ရှိပါတယ်။ 

MDN
ကိုးကား-AFP