အန္တာတိကရေခဲပြင် အရည်ပျော်ကျမှုကြောင့် ၂၁၀ဝ ပြည့်နှစ်တွင် ကမ်းရိုးတန်းဒေသရှိ မြို့ကြီးများ ပျောက်ကွယ်သွားနိုင်ကြောင်း သိပ္ပံပညာရှင်များ ခန့်မှန်းတွက်ချက်

၁၅ ဇန်နဝါရီ

အန္တာတိကရေခဲပြင် အရည်ပျော်ကျမှုဟာ လွန်ခဲသည့် နှစ်ပေါင်း ၄၀ ကထက် ပိုမို မြန်ဆန်လာပြီး တစ်နှစ်လျှင် ၆ ဆနှုန်းဖြင့် အရည်ပျော်နေသဖြင့် ကမ္ဘာတစ်ဝန်း ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာနိုင်မှုကို သိပ္ပံပညာရှင်များက တနင်္လာနေ့တွင် သတိပေးလိုက်သည်။

အမျိုးသား သိပ္ပံအကယ်ဒမီ ( PNAS) က ထုတ်ပြန်လိုက်သည့် မှတ်တမ်းအရ ၁၉၇၉ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ အန္တာတိက ရေခဲပြင် အရည်ပျော်ကျမှုကြောင့် ကမ္ဘာ့ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာမှုဟာ ၁ ဒသမ ၄ စင်တီမီတာနှင့် အထက်တွင်ရှိနေကြောင်း သိရသည်။

 

mdn

 

သိပ္ပံပညာရှင်များ၏ အဆိုးရွားဆုံး အခြေအနေပေါ် ခန့်မှန်းတွက်ချက်မှုအရ ၂၁၀ဝ ပြည့်နှစ်တွင် ရေခဲပြင် အရည်ပျော်ကျလာပြီး ရေမျက်နှာပြင် ၁ ဒသမ ၈ မီတာထိမြင့်တက်လာနိုင်ဖွယ်ရှိသဖြင့် ကမ်းရိုးတန်းဒေသရှိ မြို့ကြီးများနှင့် လူသန်းပေါင်းများစွာ ပင်လယ်ပြင်အောက် နစ်မြုပ်သွားနိုင်ကြောင်း သိရသည်။

နာဆာနှင့် အာကာသ အေဂျင်စီများမှ ရရှိသည့်  ဂြိုဟ်တု ဓာတ်ပုံများနှင့် အချက်အလက်များအရ ၁၉၇၉ ခုနှစ်ကနေ ၁၉၉၀ အထိ အန္တာတိက ရေခဲပြင် အရည်ပျော်ကျမှုဟာ နှစ်စဉ် တန်ပေါင်း သန်း ၄၀ ရှိကြောင်း သိပ္ပံပညာရှင်များက တွေ့ရှိခဲ့ကြသည်။ ၂၀ဝ၉ မှ ၂၀၁၇ ခုနှစ်တွင် ရေခဲအရည်ပျော်ကျမှုဟာ ၆ ဆထိ မြင့်တက်လာပြီး တစ်နှစ်လျှင် တန်ပေါင်း  ၂၅၂ သန်းထိ ရှိလာခဲ့သည်။

 

mdn

 

သုတေသီများ၏ လေ့လာချက်အရ အန္တာတိက အရှေ့ဘက်ဒေသဟာ ရေခဲပြင်များ အရည်ပျော်ကျမှုကြောင့် ပြောင်းလဲမှုများ ဖြစ်ပေါ်နေကြောင်းသိရသည်။ “အန္တာတိက အရှေ့ပိုင်း ဝေးလ်ကပ်စ် ဒေသဟာ ရေခဲပြင် အရည်ပျော်ကျမှုမှာ အရေးကြီးတဲ့ အပိုင်းအဖြစ် ပါဝင်လာခဲ့တယ်။ အဲဒီဒေသဟာ အန္တာတိက အနောက်ပိုင်းနဲ့ အန္တာတိက ကျွန်းဆွယ်ဒေသက ရေခဲပြင်ထက် ပိုများတယ်။ အဲဒီဒေသက ရေခဲပြင်ဆုံးရှုံးလာမှုဟာ ပုံမှန်မဟုတ်တဲ့ ရာသီဥတုပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေနိုင်တယ်။” ဟု ကယ်လီဖိုးနီးယား တက္ကသိုလ် သိပ္ပံရပ်ဆိုင်ရာ ကမ္ဘာမြေစနစ် ဘာသာရပ် ဥက္ကဋ္ဌ အဲရစ် ရစ်(ဂ်) နော့ (တ်) ကပြောကြားသည်။

 

mdn

 

အန္တာတိက ဒေသတစ်ခုလုံးက ရေခဲပြင်အားလုံး အရည်ပျော်ကျမှုဟာ ကမ္ဘာ့ပင်လယ်ရေ မျက်နှာပြင်ကို ၁၈၇ ပေထိ မြင့်တက်လာစေနိုင်သည်။ အန္တာတိက အရှေ့ပိုင်းဒေသ ရေခဲပြင်အားလုံး အရည်ပျော်ကျမှုဟာ ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင်ကို ပေ ၁၇၀ ထိ မြင့်တက်လာစေနိုင်သလို အန္တာတိက အနောက်ပိုင်းဒေသနှင့် ကျန်ဒေသများရှိ ရေခဲပြင်များအားလုံး အရည်ပျော်ကျလာပါက ၁၇ ပေထိ မြင့်တက်လာစေနိုင်သည်။ အရှေ့ဘက်ဒေသ ရေခဲပြင်ဟာ ကမ္ဘာ့အကြီးဆုံး ရေခဲပြင်ဖြစ်သလို ကမ္ဘာ့ရေချို ထက်ဝက်ခန့်လည်း ပါဝင်နေသည်။ အပူချိန်မြင့်တက်မှု ၂ ဒီဂရီ စင်တီဂရိတ်ကို ထိန်းထားပေးနိုင်သည့်ပမာဏနှင့် ညီမျှသော ရေခဲပြင်ထုထည်လိုက် အရည်ပျော်ကျလာနိုင်မှုကြောင့် ကမ္ဘာကြီး ပူနွေးလာမှုကို ရှောင်လွှဲနိုင်ရန် ရာသီဥတုဆိုင်ရာ ပဲရစ် သဘောတူညီချက်ကိုလည်း ဖော်ဆောင်ခဲ့ရသည်။

 

mdn

 

နောက်ဆုံး ရှာဖွေတွေ့ရှိချက်များအရ အန္တာတိက အရှေ့ပိုင်းဒေသ ရေခဲပြင်အရည်ပျော်ကျမှုဟာ စိုးရိမ်းဖွယ် အာရုံစိုက်စရာဖြစ်လာပြီး သမုဒ္ဒရာများပူနွေးလာမှုဟာလည်း ရေခဲပြင်များ အရည်ပျော်ကျလာမှုကို မြင့်တက်လာစေကြောင်း အမျိုးသား သိပ္ပံအကယ်ဒမီ ( PNAS) က ထုတ်ပြန်ထားသည်။ မကြာသေးခင်က လေ့လာတွေ့ရှိချက်အရ သမုဒ္ဒရာများ၏ အပူချိန် မြင့်တက်လာမှုဟာလည်း ပိုမို မြန်ဆန်လာပြီး ယခင်နှစ်များက အပူချိန်ထက် စံချိန်ချိုးခဲ့ကြောင်း သိရသည်။

SMZaw (MDN)
Source> AFP

 

mdn