အရှေ့တောင်အာရှနှင့် အပြည်ပြည်ဆိုင်ရာအားကစားပြိုင်ပွဲများအတွက် အလေးမ လက်ရည်စမ်း လူရွေးပြိုင်ပွဲ ကျင်းပမည်

ရန်ကုန်   ၁၅   ဇန်နဝါရီ

 

လာမည့် အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် အပြည်ပြည်ဆိုင်ရာ အားကစားပြိုင်ပွဲများအတွက် အလေးမလက်ရည်စမ်း လူရွေးပြိုင်ပွဲများကို လာမည့် ဖေဖော်ဝါရီ ၂၃ ရက်(စနေနေ့)တွင် ရန်ကုန်မြို့ အောင်ဆန်း အားကစားပြိုင်ဝင်းအတွင်းရှိ မိုးလုံလေလုံအားကစားရုံ၌ ကျင်းပသွားမည်ဖြစ်သည်။

 

ပြိုင်ပွဲတွင် အမျိုးသမီး ၄၅ ကီလိုတန်း၊ ၄၉ ကီလိုတန်း၊ ၅၅ ကီလိုတန်း၊ ၅၉ ကီလိုတန်း၊ ၆၄ ကီလိုတန်း၊ ၇၁ ကီလိုတန်း၊ ၇၆ ကီလိုတန်း၊ ၈၁ ကီလိုတန်း၊ ၈၇ ကီလိုတန်း၊ +၈၇ ကီလို တန်းတို့ ပါဝင်မည်ဖြစ်ပြီး အမျိုးသားပြိုင်ပွဲများတွင် ၅၅ ကီလို တန်း၊ ၆၁ ကီလိုတန်း၊ ၆၇ ကီလိုတန်း၊ ၇၃ ကီလိုတန်း၊ ၈၁ ကီလို တန်း၊ ၈၉ ကီလိုတန်း၊ ၉၆ ကီလိုတန်း၊ ၁၀၂ ကီလိုတန်း၊ ၁၀၉ ကီလို တန်းနှင့် +၁၀၉ ကီလိုတန်းတို့ ထည့်သွင်းကျင်းပမည်ဖြစ်သည်။

 

အဆိုပါပြိုင်ပွဲသို့ နိုင်ငံတစ်ဝန်းမှ ဝင်ရောက်ယှဉ်ပြိုင်လိုသော အလေးမအားကစားသမားများ အနေဖြင့် ဖေဖော်ဝါရီ ၁၅ ရက် (ယနေ့) နောက်ဆုံးထား၍ ရန်ကုန်မြို့ အောင်ဆန်းအားကစားပြိုင်ဝင်းရှိ မြန်မာနိုင်ငံ အလေးမအဖွဲ့ချုပ်ရုံးသို့ဖြစ်စေ၊ အီးမေးလ် [email protected] သို့ဖြစ်စေ စာရင်းပေးသွင်း နိုင်ပြီး ပြိုင်ပွဲနှင့်ပတ်သက်၍ အသေးစိတ်သိလိုပါက ဖုန်း-ဝ၉- ၇၇၃၅၃၉၃၉၇၊ ဝ၉-၉၇၂၃၉၉၉၈၈ သို့ မေးမြန်းနိုင်ကြောင်းနှင့် ၂၀၁၉-၂၀၂၀ ပြည့်နှစ်အတွင်း အဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမည့် အလေးမပြိုင်ပွဲများတွင် ဒိုင်လူကြီးတာဝန်ထမ်းဆောင်လိုသူများ အလေးမအဖွဲ့ချုပ်သို့ ဇန်နဝါရီ ၂၅ ရက် နောက်ဆုံးထား စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

 

မောင်စိန်လွင်(မြန်မာ့အလင်း)