အရှိန်လွန်မောင်းနှင်သည့် ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိပြီး ဆိုင်ကယ်ပါနှစ်ဦး အခင်းဖြစ်ရာနေရာတွင် သေဆုံး

ဂွ  ၂၀  ဇန်နဝါရီ     
     

ဂွမြို့နယ် ဂျိုင်ကောက်ကျေးရွာအလွန် မော်ရွှေချိုင် စားသောက်ဆိုင်အနီး မိုင်တိုင်အမှတ် ၅၉/ဝ-၆၀/၁ ကြား သံတွဲ-ဂွကားလမ်းပေါ်တွင် ဇန်နဝါရီ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်တွင်အရှိန်လွန်မောင်းနှင်သည့် ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိပြီး ဆိုင်ကယ်ပါ လူနှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ဂွမြို့မှ သံတွဲဘက် (ဂျိုင်ကောက်ကျေးရွာ)သို့ ယာဉ်မောင်း သန့်ဇင်ဦး မောင်းနှင်လာသော ဟီနိုးအဖြူရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင်မှ ကြွချောင်းနှင့် ဇနီးဖြစ်သူတို့ လိုက်ပါစီးနင်းလာသည့်  ဆိုင်ကယ်ကို ဝင်တိုက်မိရာ နှစ်ဦးစလုံးထိခိုက်ဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ သန့်ဇင်ဦးကို ကမ်းသယာရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။


MDN