အသက်ကြီးသူတွေနဲ့ ရှေးရိုးစွဲတွေက သတင်းအမှားတွေကိုပိုမို ဖြန့်ဝေကြောင်း လေ့လာတွေ့ရှိ

၁၀ ဇန်နဝါရီ 

ဖေ့စ်ဘွတ် သုံးစွဲသူတွေထဲ အသက် ၆၅ နှစ် အထက်နှင့်  ရှေးရိုးစွဲ အယူအဆရှိသူတွေဟာ ငယ်ရွယ်သူများနှင့် ပြုပြင်ပြောင်းလဲရေးအမြင်ရှိသူတွေထက် သတင်းမှားတွေကို ပိုပြီး ဖြန့်ဝေချင်ကြောင်း ဒီကနေ့ ထုတ်ဝေတဲ့ လေ့လာတွေ့ရှိချက်မှာ ဖော်ပြထားပါတယ်။

ပရင့်စတန် နှင့် နယူးယောက် တက္ကသိုလ်များမှ  သုတေသနပညာရှင်တွေဟာ ဖေ့စ်ဘွတ် သုံးစွဲသူ ၁၂၀ဝ နီးပါးရဲ့ ပို့စ်တွေ၊ ဒေတာတွေအပေါ် အခြေခံပြီး သုတေသနပြုလုပ်ခဲ့ပါတယ်။ အခုသုတေသနပြုလုပ်မှုမှာ ပါဝင်တဲ့ လူပေါင်း ၁၂၀ဝ ရဲ့ခွင့်ပြုချက်နဲ့ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း သုတေသနစာတမ်းမှာ ရေးသားထားကြောင်း သိရပါတယ်။ 

သုတေသနပြုလုပ်သူတွေဟာ သုတေသနပြုလုပ်ခံသူတွေရဲ့ ဖေ့စ်ဘွတ်ကနေတဆင့် ဖေ့စ်ဘွတ်နှင့် BuzzFeed အပါဝင် တခြားအွန်လိုင်းဖြန့်ချီရေးများ ပေါ်တွင် ပြန်လည် ဖြန့်ဝေတဲ့ သူတွေရဲ့ အကောင့်ကို နှိုင်းယှဉ်ပြီး သုတေသနပြုလုပ်ခဲ့တယ် လို့ သိရပါတယ်။ BuzzFeed ဟာ သတင်းအချက်အလက် အမှားတွေကို ဖြန့်ချီတဲ့ဝက်ဆိုက်ဒ်လို့ လူသိများပါတယ်။ 

၈.၅ % ဟာ အခုလို သတင်းမှားကိုပါရှိတဲ့ ဝက်ဆိုဒ် တွေကနေ ခေတ်ရှေ့ရောက်တဲ့ သိပ္ပံပညာရပ်တွေကို ဖြန့်ဝေတာကို လေ့လာတွေ့ရှိပါတယ်။ ဒါပေမယ့် ဒီလူတွေဟာ အသက်အရွယ်ကြီးတဲ့သူတွေနဲ့ နိုင်ငံရေးမှာ ရှေးရိုးစွဲလို့ ကိုယ့်ဘာသာသတ်မှတ်ထားသူတွေဟာလည်း ဖြစ်နိုင်တယ်။ 

နိုင်ငံရေးယူဆချက်မပါတဲ့ အသက် ၆၅ နှစ်အထက်ပိုင်း လူကြီးတွေဟာ အသက် ၁၈-၂၉ ကြားလူငယ်တွေထက် သတင်းအမှားပေါင်းစုံ ကို ၇ ဆနီးပါး ဖြန့်ဝေတယ်လို့ လေ့လာတွေ့ရှိချက်အရ သိရပါတယ်။ 

ယခုလေ့လာတွေ့ရှိချက်တွေကနေ အသက် ၆၀ နှင့် ၆၀ ကျော်တွေမှာ ဒီဂျစ်တယ်သတင်းဖတ်နိုင်စွမ်း (digital media literacy) ပြည့်အဝမရှိတာမျိုး ဖြစ်တဲ့အတွက် အွန်လိုင်းသတင်းမှာ ဘယ်သတင်းက ယုံကြည့်နိုင်တယ်ဆိုတာမျိုး ဆုံးဖြတ်ရာမှာ လိုအပ်မှုတွေဖြစ်တယ်လို့ သုတေသနတွေ့ရှိချက်ကနေ အကြံပြုထားပါတယ်။

နောက်ဖြစ်နိုင်တာတစ်ခုကတော့ ဒီလူတွေရဲ့ မှတ်ဉာဏ်တွေက ကျဆင်းလာတဲ့အတွက် အမှန်ကိုမြင်တဲ့အခါ ဝေဝါးမှုတွေဖြစ်နေနိုင်တာလည်း ရှိနိုင်တယ်လို့ ဆိုပါတယ်။

ထို့အပြင် ရီပက်ပလစ်ကန်တွေဟာ ဒီမိုကရက်တွေထက် ပိုပြီး သတင်းမှားတွေ ဖြန့်ချီပြီး အတွေးအခေါ်ပိုင်းဆိုင်ရာ ရှေးရိုးစွဲရှိသူတွေကတော့ သတင်းအမှားတွေ ဖြန့်ချိရာမှာ အမြင့်ဆုံးလို့ ပြောရမှာဖြစ်တယ်လို့ ရေးသားထားပါတယ်။

MDN
ကိုးကား- AFP