ဘာဘီရုပ် သက်တမ်း ၆၀ ပြည့်ပြီ

၂ ဇန်နဝါရီ

 

စတိုင်ကျတဲ့ ဘာဘီရုပ်ကို ၁၉၅၉ ခုနှစ် မတ်လ ၉ ရက်နေ့မှာ အမေရိကန် ကလေးကစားစရာ ထုတ်လုပ်တဲ့ကုမ္ပဏီ မက်တယ် ကနေနယူးယောက်မှာ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ နိုင်ငံပေါင်း ၁၅၀ ကျော်မှာ နှစ်စဉ် ဘာဘီရုပ်ပေါင်း ၅၈ သန်း ရောင်းချနိုင်ကြောင်း သိရပါတယ်။ 

 

ဘာဘီဟာ နှစ် ၆၀ ပြည့်ခဲ့ပေမယ့် အသားရေတွန့်တာမျိုး မရှိသေးပါဘူး။ ဘာဘီအရုပ်ကုမ္ပဏီကနေ ဘာဘီအတွက်အသုံးအဆောင်များ၊ အဝတ်အထည်များနှင့် ဘာဘီရဲ့သူငယ်ချင်းများပါ ထုတ်လုပ်ရောင်းချထားပါတယ်။ 

 

၁၉၆၅ ခုနှစ်မှာ ဘာဘီဟာ အာကာသယာဉ်မှူး ဖြစ်ခဲ့ပါတယ်။ နီးလ် အမ်းစထရောင်း လကမ္ဘာပေါ်မှာ လမ်းလျှောက်ခဲ့တဲ့ နှစ်ထက် ၄ နှစ်စောပြီး တီထွင်ခဲ့ပါတယ်။ ယခုနှစ်အထိ ဘာဘီဟာ အလုပ်အကိုင်ပေါင်း ၂၀ဝ နီးပါး လုပ်ကိုင်ပြီးဖြစ်ကြောင်း သိရပါတယ်။ 

 

၁၉၆၈ နှစ်မှာ ပထမဦးဆုံး လူမည်းအရုပ် ဘာဘီသူငယ်ချင်း ခရစ်တီး ကို တီထွင်ခဲ့ပါတယ်။ 

 

၁၉၉၂ ခုနှစ်မှာ ဘာဘီဟာ သမ္မတလောင်း ဖြစ်လာပါတယ်။ 

 

ဘာဘီရုပ် တီထွင်တဲ့နေ့ကနေစပြီး ယနေ့တိုင် ဘာဘီရုပ်ပေါင်း ၁ ဘီလီယံကျော် ရောင်းချပြီးပြီလို့ သိရပါတယ်။

 

MDN

ကိုးကား- AFP