ဘောလုံးအဖွဲ့ချုပ်က နည်းပြ ဦးကြည်လွင်ကို တာဝန်ရပ်ဆိုင်းလိုက်ရသည်

၁၆ ဒီဇင်ဘာ


မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်း၏ နည်းပြအဖြစ် တာဝန်ယူနေသော နည်းပြ ဦးကြည်လွင် အား ဘောလုံးအဖွဲ့ချုပ်က တာဝန်ရပ်ဆိုင်းလိုက်ကြောင်း ဦးကြည်လွင်၏ လူမှုကွန်ရက် ဖေ့ဘုတ်စ်စာမျက်နှာတွင် ရေးသားထားသည်။ 


နည်းပြ ဦးကြည်လွင်က  ''နှုတ်ဆက်ခဲ့ပါတယ်။ ဘောလုံးချစ်ပြည်သူများ ဘောလုံးအဖွဲ့ချုပ်က တာဝန်ရပ်ဆိုင်း လိုက်ပါပြီ။ ဒီလောကထဲ ဘယ်တော့မှ ပြန်မလာတော့ပါ။ ကြိုက်တာပြောလို့ရတယ်ဒါပါဘဲ'' ဟု သူ၏ လူမှုကွန်ရက် ဖေ့ဘုတ်စ်စာမျက်နှာတွင် ရေးသားထားသည်။


လက်ရှိ မြန်မာ့လက်ရွေးစင် ယူ-၂၂အသင်းကို ကိုင်တွယ်နေသည့် ဦးကြည်လွင်သည် နောက်ဆုံး နိုင်ငံတကာ ခြေစမ်းပွဲများအဖြစ် အိုမန်ယူ-၂၂ အသင်းနှင့် ကာတာ ယူ-၂၂ အသင်းတို့ဖြင့် ယှဉ်ပြိုင်ကစားရာတွင် နှစ်ပွဲစလုံး ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။


ယနေ့ (ဇန်နဝါရီ ၁၆ ) နေ့ပိုင်းမှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းစာရှင်းလင်းပွဲပြုလုပ်မည်ဟု သတင်းရရှိပါသည်။ 


MDN
ဓာတ်ပုံ- Kyi Lwin FB