ဘေကျင်းက ကျောင်းတစ်ကျောင်း တိုက်ခိုက်ခံခဲ့ရတဲ့အတွက် ကလေး ၂၀ လောက် ဒဏ်ရာရရှိ

၈ ဇန်နဝါရီ

တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာရှိတဲ့ မူလတန်း ကျောင်းတစ်ကျောင်း တိုက်ခိုက်ခံခဲ့ရတဲ့အတွက် ကျောင်းသား ၂၀ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသအာဏာပိုင်တွေက ပြောပါတယ်။ တိုက်ခိုက်ခဲ့သူလို့ သံသယရှိသူ အမျိုးသားတစ်ဦးကို ထိန်းချုပ်နိုင်ခဲ့ပြီး ဒဏ်ရာရရှိတဲ့ ကျောင်းသားတွေဟာ ဆေးရုံမှာ ဆေးကုသခံယူနေကြောင်း ဒေသအာဏာပိုင်တွေက ပြောပေမယ့် ဘယ်လိုပုံစံနဲ့ တိုက်ခိုက်ခဲ့တယ်ဆိုတာကို ပြောဆိုခြင်းမရှိပါဘူး။

ကျောင်းသားတွေကို တိုက်ခိုက်မှု ပြုလုပ်ခဲ့သူက တူတစ်လက်ကို အသုံးပြုခဲ့ကြောင်း အမျိုးသားရေးဝါဒီ ဂလိုဘယ်တိုင်းမ်က သူ့ရဲ့ တွစ်တာမှာ ရေးသားထားပါတယ်။ 

တရုတ်နိုင်ငံမှာ ကျောင်းတွေကို အဓိကထားတိုက်ခိုက်မှုမျိုးဟာ အင်မတန်ရှားပါးပေမယ့် အခုနှစ်ပိုင်းမှာတွေ တွေ့လာရပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီလက အသက် ၂၈ နှစ်အရွက် အမျိုးသားတစ်ဦးက ဓါးနှင့်တိုက်ခိုက်ခဲ့တဲ့အတွက် ကျောင်းသား ၉ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီတိုက်ခိုက်တဲ့သူကို စက်တင်ဘာလက ကြိုးပေးသတ်ဖြတ်ပြီးဖြစ်ပါတယ်။ တိုက်ခိုက်သူက သူဟာ အဲဒီကျောင်းမှာ တက်နေစဉ် အနိုင်ကျင့်ခံခဲ့ရကြောင်း ပြောပါတယ်။ 

၂၀၁၈ နှစ်ကုန်ပိုင်းကလည်း အမျိုးသမီးတစ်ဦးက ဓါးနှင့် တိုက်ခိုက်ခဲ့တဲ့အတွက် မူကြိုကျောင်းသား ၁၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ 

၂၀၁၇ ခုနှစ် ဇန်နဝါရီမှာလည်း မီးဖိုချောင်သုံးဓါးနှင့် အမျိုးသားတစ်ဦးက မူကြိုကျောင်းတစ်ကျောင်းမှာ တိုက်ခိုက်ခဲ့တဲ့အတွက် ကလေး ၁၁ ဦး ဒဏ်ရာရရှိခဲ့ဖူးပါတယ်။ 

ဒီလို အခြေအနေတွေကြောင့် အာဏာပိုင်တွေကို ကျောင်းတွေမှာ လုံခြုံရေးပိုချထားရေးနှင့် တိုက်ခိုက်မှုဖြစ်ပေါ်စေတဲ့ အကြောင်းအရာတွေကို စုံစမ်းပေးရေးကို တောင်းဆိုနေကြကြောင်းသိရပါတယ်။ 

MDN
ကိုးကား- AFP

 

mdn