ဘရာဇီး တိုးတက်ပြောင်းလဲမှုကို တင်ပြမည် ဟု သမ္မတသစ်ကတိပြုပြောကြား

၁၅ ဇန်နဝါရီ

ဘရာဇီး သမ္မတ ဂျဲယာ ဘော်ဆိုနာရို  က ဘရာဇီး တိုးတက်ပြောင်းလဲမှုကို တင်ပြရန် ဒါဗော့ တွင်ကျင်းပမည့် ကမ္ဘာ့စီးပွားရေးဖိုရမ် နှစ်ပတ်လည်အစည်းအဝေးကို တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့မှ ၂၅ ရက်နေ့အထိ ဆွစ်ဇာလန် နိုင်ငံတွင် ကျင်းပမည့် ထိုအစည်းအဝေးသည် ဇန်နဝါရီ ၁ ရက်နေ့တွင် သမ္မတ တာဝန်ယူခဲ့သော  ဘော်ဆိုနာရို အတွက် ပထမဆုံးသော နိုင်ငံတကာ  ပွဲစဉ်ဖြစ်ကြောင်း ဖော်ပြထားသည်။

သမ္မတ ဘော်ဆိုနာရို က ဘရာဇီး တိုးတက်ပြောင်းလဲမှုကို ကမ္ဘာ့ခေါင်းဆောင်များထံတင်ပြမည့် မဟာအခွင့်အရေး နှင့်ပတ်သက်ပြီး ဝမ်းမြောက်ယုံကြည်မိပါကြောင်း တွစ်တာတွင် ဖော်ပြထားသည်။

စီးပွားရေးလွတ်လပ်ခွင့်နှစ်သက်မှု၊ နှစ်နိုင်ငံ သဘောတူညီချက်များနှင့်  ငွေကြေးတောင့်တင်းမှု စသည့် မိမိတို့ လိုလားချက်များကို တစ်ကမ္ဘာလုံးနှင့် ကုန်သွယ်မှုပြုလုပ်ရန်  ပြသသွားမည် ဖြစ်ကြောင်း နှင့်ဤမဏ္ဍိုင်များနှင့်အတူ  ဘရာဇီးနိုင်ငံသည် အလုပ်အကိုင်အပြည့်အဝ ရရှိလာပြီး ချမ်းသာကြွယ်ဝ တိုးတက်လာမည်ဖြစ်ကြောင်း သမ္မတ က ပြောကြားခဲ့သည်။

ကိုးကား ဆင်ဟွာ
ဘာသာပြန် မြင့်မြင့်ချို