ဘရစ်ဇစ် (Brexit) အတွက် ဖြစ်နိုင်ချေရှိတဲ့ ဖြစ်စဉ် လေးရပ် 

၂၁ ဇန်နဝါရီ 

 

ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေရဲ့ ဥရောပသမဂ္ဂကနေ ဗြိတိန်ခွဲထွက်ရေး (ဘရစ်ဇစ် -Brexit) သဘောတူညီချက်ကိုအတွက် ဒုတိယဦးစားပေး အစီစဉ်ကို ဒီကနေ့ (တနင်္လာနေ့) မှာ လွတ်တော်မှာ တင်ပြမှာဖြစ်ပါတယ်။  ဗြိတိန်နိုင်ငံ ဥရောပသမဂ္ဂကနေ မတ် ၂၉ ရက်နေ့မှာ ထွက်ခွာရမှာ ဖြစ်တဲ့အတွက် သီတင်းပတ် ၁၀ ပတ်သာ ကျန်တော့တာဖြစ်ပါတယ်။ ဘရစ်ဇစ် (Brexit) အတွက် ဖြစ်နိုင်ချေ လေးရပ်အနေနဲ့ ရက်ရွေ့ဆိုင်းခြင်း၊ ဘရစ်ဇစ် -Brexit သဘောတူညီချက် နောက်တစ်ခုရရန်ကြိုးစားခြင်း၊ သဘောတူညီချက် တစ်ချက်မှ မယူဘဲ ဗြိတိန် ဥရောသမဂ္ဂကနေ ထွက်ခွာခြင်းနဲ့ ဒုတိယအကြိမ် ပြည်သူ့ဆန္ဒ ခံယူပွဲကျင်းခြင်း တို့ ဖြစ်တယ်လို့  AFP က တင်ပြထားပါတယ်။ 

 

85

 

(က) ရက်ရွေ့ဆိုင်းခြင်း

 

ဗြိတိန် ဥရောပသမဂ္ဂကနေခွဲထွက်ရေးအတွက် ဥပဒေ ပုဒ်မ ၅၀ အရ နှစ်နှစ်အတွင်း ညှိနှိုုင်းမှုများ လုပ်ဆောင်ရန် ဗြိတိန်ဘက်မှ တင်သွင်းရက် မတ် ၂၉ ရက် ၂၀၁၇ ခုနှစ်ဖြစ်တဲ့အတွက် လာမယ့်မတ်လ ၂၉ ရက်နေ့ဟာ ညှိနှိုင်းသက်တမ်း နှစ်နှစ်ပြည့်ပြီဖြစ်ပါတယ်။ ဥပဒေပုဒ်မ ၅၀ ကို ရက်ရွေ့ဆိုင်းရန် ရရှိရေးအတွက် ဗြိတိန်အနေနဲ့ အချက်အလက်ရှာဖွေရန် ဖြစ်ပေမယ့် ဥရောပသမဂ္ဂ (EU) အနေနဲ့တော့ ရက်ရွှေ့ဆိုင်းခြင်းကို မနှစ်သက်ဖူး ဖြစ်ပါတယ်။ တကယ်လို့ ရက်ရွှေ့ဆိုင်းခဲ့ရင် နိုင်ငံရေးအရ ပိုမိုရှုပ်ထွေးမှုသာဖြစ်နိ်ုင်တယ်လို့  EU က ဆိုပါတယ်။ ဒါ့အပြင် EU မှာပါဝင်တဲ့ ဗြိတိန်နိုင်ငံရဲ့ နေရာ ၇၃ ခု ကိုလည်း တခြားဥရောပနိုင်ငံတွေကို ခွဲဝေပေးပြီးပြီ ဖြစ်ပါတယ်။ 

 

98

 

(ခ) ဘရစ်ဇစ် -Brexit သဘောတူညီချက် နောက်တစ်ခုရရန်ကြိုးစားခြင်း


ဝန်ကြီးချုပ်မေနဲ့ EU တို့ သဘောတူညီပြီးသား စာချုပ်ကို ဗြိတိန်လွှတ်တော်က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေက ပယ်ချလိုက်ပြီးဖြစ်ပါတယ်။ အဲဒီနောက် ဝန်ကြီးချုပ်က အတိုက်ခံပါတီခေါင်းဆောင်တွေနဲ့ အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပေမယ့် အကြီးဆုံးအတိုက်ခံပါတီ လေဘာပါတီခေါင်းဆောင် ဂျယ်ရမီ ကိုဘင်တော့ တက်ရောက် ခဲ့ခြင်း မရှိပါတယ်။ ဒီကနေ့ (တနင်္လာနေ့)မှာ ဝန်ကြီးချုပ်မေက သူမရဲ့ ဒုတိယ ဦးစားပေးအစီအစဉ်ကို လွတ်တော်မှာ ပြောကြားမှာ ဖြစ်ပါတယ်။ လိုအပ်ရင် အဲဒီအစီစဉ်သစ်ကို EUနဲ့ ထပ်မံဆွေးနွေးပေးမှာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ရဲ့ သဘောကတော့ ဘယ်လို သဘောတူညီချက်နဲ့ဘဲဖြစ်ဖြစ် ဥရောပသမဂ္ဂကနေ ဗြိတိန်နှုတ်ထွက်ပေးဖို့ဖြစ်ပါတယ်။ အဲဒီလိုလုပ်ဆောင်ခြင်းအားဖြင့် EUရဲ့ နိုင်ငံရွှေွှပြောင်းသူများ သဘောတူညီချက်ကို အဆုံးသတ်သွားမှာဖြစ်ပြီး ဗြိတိန်အနေနဲ့ လွတ်လပ်တဲ့ ကုန်သွယ်ခွင့်ရှိတဲ့ နိုင်ငံဖြစ်လာမှာဖြစ်ပါတယ် လို့ ဆိုပါတယ်။ 

 

(ဂ) သဘောတူညီချက်တစ်ခုမှ မယူဘဲ ဗြိတိန် ဥရောသမဂ္ဂကနေ ထွက်ခွာခြင်း 

 

မတ်လ ၂၉ ရက်နေ့မှာ သဘောတူညီချက်တစ်ခုမှ မယူဘဲ ဗြိတိန်ဥရောပသမဂ္ဂကနေ ထွက်ခွာရန်ဖြစ်တယ်။ အဲဒီလိုမှ မဟုတ်ရင် အစီအစဉ်ကို ရပ်ဆိုင်းရန် သို့မဟုတ် ရက်ရွှေ့ဆိုင်းရန်ဖြစ်တယ်။ သဘောတူညီချက် မယူဘဲ ဗြိတိန်ဥရောပသမဂ္ဂကနေ ထွက်ခွာခဲ့မယ်ဆိုရင် ဗြိတိန်နိုင်ငံတွင်းမှာ စီးပွားရေး ကျဆင်းမှုဖြစ်နိုင်ကြောင်း နဲ့ ဥပဒေကြောင်းမှာ အနှောက်အယှက်များဖြစ်နိ်ုင်ကြောင်း ခန့်မှန်းမှုတွေရှိနေပါတယ်။ 

 

(ဃ) ဒုတိယအကြိမ် ပြည်သူ့ဆန္ဒ ခံယူပွဲကျင်းခြင်း

 

၂၀၁၆ ခုနှစ်က ကျင်းပခဲ့တဲ့ ဥရောပသမဂ္ဂကနေ ဗြိတိန်ခွဲထွက်ရေး (ဘရစ်ဇစ် -Brexit) ပြည်သူ့ဆန္ဒခံယူပွဲမှာ ခွဲထွက်ရေးဘက်က ၅၂ ရာခိုင်နှုန်း၊ ဆက်လက်ပူးပေါင်းရေးက ၄၈ ရာခိုင်းနှုန်းရရှိပြီးတဲ့နောက်မှာ ဒုတိယအကြိမ် ပြည်သူ့ဆန္ဒ ခံယူပွဲကျင်းပဖို့ EU ကို ထောက်ခံသူတွေက တောင်းဆိုနေပါတယ်။ ဗြိတိန်ရဲ့ ဥပဒေထဲမှာ ဆန္ဒခံယူပွဲနောက်တစ်ကြိမ်ကျင်းပဖို့ ရှိမနေပါဘူး။ လွတ်တော်အမတ်အများစုက ဥပဒေပြင်ပြီး ဒုတိယအကြိမ်ဆန္ဒခံယူဖို့ကို ဆန္ဒရှိနေပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ဘရစ်ဇစ် -Brexit လုပ်ဆောင်ဖို့အတွက် အချိန်ဆွဲနိုင်တယ်လို့ ဆိုနေကြပါတယ်။

 

MDN
ကိုးကား - AFP