ဘရက်ပစ်နဲ့ ချာလစ်သရွန်တို့ ချစ်သူတွေဖြစ်နေကြောင်း သတင်းတွေ ထွက်ပေါ်

၂၂   ဇန်နဝါရီ

 

ဟောလိဝုဒ်ရဲ့ ကျော်ကြားတဲ့ မင်းသားတစ်ဦးဖြစ်သူ ဘရက်ပစ်ဟာ လတ်တလောမှာတော့ ချစ်သူသစ်ရခဲ့ပြီဖြစ်ကြောင်း သတင်းတွေ ပေါ်ထွက်လာခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဘရက်ပစ်နဲ့ လက်တွဲနေတဲ့သူဟာ နာမည်ကျော်မင်းသမီး တစ်ဦးဖြစ်သူ ချာလစ်သရွန်ဖြစ်ကြောင်း မေးအွန်လိုင်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

လတ်တလောမှာ အသက် ၅၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘရက်ပစ်နဲ့ ၄၃ နှစ်အရွယ် ချာလစ်သရွန်တို့ဟာ ချစ်သူတွေ ဖြစ်နေကြကြောင်းနဲ့ သူတို့နှစ်ဦးကို စတင်မိတ်ဆက်ပေးခဲ့သူကတော့ ချာလစ်သရွန်ရဲ့ချစ်သူဟောင်း ဆင်းပန် ဖြစ်တယ်လို့လည်း သိရပါတယ်။

 

ဘရက်ပစ်ဟာ လွန်ခဲ့တဲ့ နှစ်နှစ်ခန့်က သူနဲ့ ဆယ်စုနှစ်တစ်ခုကျော်ကြာ လက်တွဲလာခဲ့တဲ့ အော်စကာဆုရှင် မင်းသမီး အန်ဂျလီနာဂျိုလီနဲ့ လမ်းခွဲခဲ့ပါတယ်။ သူတို့နှစ်ဦးရဲ့ အပြီးတိုင်ကွာရှင်းပြတ်စဲမှုတွေ အပြီးမှာတော့ ချစ်သူသစ် ရနေပြီဖြစ်ကြောင်း သတင်းတွေ ပေါ်ထွက်ခဲ့ဖူးပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဘရက်ပစ်ဟာ ဟောလိဝုဒ်ရဲ့ ထိပ်တန်းမင်းသမီးတစ်ဦးဖြစ်တဲ့ ချာလစ်သရွန်နဲ့ သတင်းတွေ ထွက်လာခဲ့တာကြောင့် မကြာမီမှာ ဟောလိဝုဒ်ရဲ့ ထိပ်တန်း ကြယ်ပွင့်စုံတွဲတစ်တွဲ ထပ်မံပေါ်ထွက်လာဦးမလားဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

 

ဘရက်ပစ်နဲ့ ချာလစ်သရွန်တို့ဟာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဘားဆိုင်တစ်ဆိုင်မှာ အတူရှိခဲ့တာဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားကာ သယ်ဆန်းက ဦးစွာဖော်ပြခဲ့တာ ဖြစ်ပါတယ်။

 

အေးပြည့်