ဗီယက်နမ်တွင် အပြည်ပြည်ဆိုင်ရာ ခရီးသွားဈေးပွဲ ကျင်းပမည်

၁၁ ဇန်နဝါရီ

နိုင်ငံပေါင်း ၂၅ နိုင်ငံမှ ရာချီသော ကုမ္ပဏီများ ပါဝင်သည့် ၂၀၁၉ ခုနှစ် ဗီယက်နမ် အပြည်ပြည်ဆိုင်ရာ ခရီးသွားဈေးပွဲ ကို မတ်လ ၂၇ မှ ၃၀ ရက်ထိ ကျင်းပမည် ဖြစ်ကြောင်း ဗီယက်နမ် ခရီးသွားလုပ်ငန်းအသင်းမှ ယနေ့ထုတ်ပြန်ကြေညာခဲ့သည်။

အစိမ်းရောင် ခရီးသွားလုပ်ငန်းခေါင်းစဉ်ဖြင့် အမျိုးမျိုးသော ခရီးသွား ဒေသထွက်ကုန်များ၊ စရိတ်ငြိမ်းဝန်ဆောင်မှုများနှင့် သွားရောက်မည့် ခရီးစဉ်များပြသမည့်ပြခန်း ပေါင်း ၅၀ဝ ကျော် ပါဝင်မည် ဖြစ်ကြောင်း နှင့် ပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေး နှင့် ခရီးသွားဖွံ့ဖြိုးရေးတွင် အတွေ့အကြုံများမျှဝေဖို့ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

ခရီးသွားဈေးပွဲကျင်းပသည့် လေးရက်အတွင်း စရိတ်ငြိမ်းဝန်ဆောင်မှု နှစ်သောင်းကျော်နှင့် ခရီးစဉ်ပေါင်း သုံးသောင်း နှစ်ထောင်ကျော်ကို ရောင်းချမည် ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းအသင်းက ပြောကြားခဲ့သည်။

ကိုးကား ဆင်ဟွာ
ဘာသာပြန် မြင့်မြင့်ချို