ဗိတိန်၌ ရုရှားစပိုင်ဟောင်းကို အဆိပ်ဖြင့် လုပ်ကြံခဲ့မှုအတွက် ကုလသမဂ္ဂက ရုရှားကိုအရေးယူပိတ်ဆို့

မော်စကို ၂၃ဇန်နဝါရီ

ပြီးခဲ့သည့်နှစ်က ဗြိတိန်၌ အဆင့်မြင့်အရာရှိတစ်ဦးကို အဆိပ်ဖြင့် လုပ်ကြံခဲ့မှုနှင့်ပတ်သက်၍ စစ်ဘက်ဆိုင်ရာ ထိပ်တန်းအာဏာပိုင်နှစ်ဦး အပါအဝင် ရုရှားနိုင်ငံသားလေးဦးအပေါ် ကုလသမဂ္ဂက အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ဆောင်လိုက်ကြောင်း သိရသည်။

ရုရှား လျှို့ဝှက်ထောက်လှမ်းရေး အဖွဲ့ဝင်ဟောင်းတစ်ဦးနှင့် ၎င်း၏သမီးဖြစ်သူတို့သည် ပြီးခဲ့သည့်နှစ် မတ်လက ဆာလစ်ဘာရီ မြို့တောင်ပိုင်းတွင် သတိမေ့မြောနေခဲ့သည်ကို တွေ့ရှိခဲ့ရသည်။ နောက်ပိုင်းတွင် ၎င်းတို့ကို ရုရှားအမျိုးသားနှစ်ဦးက နိုဗစ်ချော့ အဆိပ်ဖြင့်လုပ်ကြံရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း ဗြိတိန်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

သို့သော် ယင်းကိစ္စနှင့်ပတ်သက်၍ ရုရှား၏ ပါဝင်ပတ်သက်မှုမရှိ ကြောင်း ရုရှားအစိုးရက ငြင်းဆန်ထားသည်။ တနင်္လာနေ့က ထုတ်ပြန်ခဲ့သည့် ဖော်ပြချက်တွင် ကုလသမဂ္ဂက ရုရှားစစ်ဘက် ထောက်လှမ်းရေးအေဂျင်စီမှ အမျိုးသားနှစ်ဦးကို လူသတ်ရန် ကြိုးပမ်းမှုဖြင့် အရေးယူပိတ်ဆို့မှု ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။ ထို့ပြင် ကုလသမဂ္ဂသည် အဆိုပါ ထောက်လှမ်းရေးအေဂျင်စီ၏ အကြီးအကဲနှင့် ဒုတိယအကြီးအကဲတို့ကို ယင်းကိစ္စတွင် ပါဝင် ပတ်သက်မှုဖြင့် ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ပိတ်ဆို့မှုများတွင် ခရီးသွားလာခွင့်ပိတ်ဆို့မှုနှင့် အခြားပိတ်ဆို့မှု များ ပါဝင်ကြောင်းသိရသည်။ ပြီးခဲ့သည့်နှစ်က ကုလသမဂ္ဂသည် ဓာတုလက်နက်များ ဖွံ့ ဖြိုးတိုးတက်အောင် လုပ်ဆောင်မှုနှင့် ယင်းလက်နက်အသုံးပြုမှုတို့တွင် တိုက်ရိုက်ပတ်သက်သည့် ပုဂ္ဂိုလ်များ နှင့် အဖွဲ့အစည်းများကို ပိတ်ဆို့မှုများချမှတ်ရန် ဆုံးဖြတ်ခဲ့သည်။

ဥရောပသမဂ္ဂ၏ ကြေညာချက်ကို တုံ့ပြန်သည့်အနေဖြင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် ဖော်ပြချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့ရာ ယင်းဖော်ပြချက်၌ ရုရှားတွင် ယင်းအပြု အမူကို ဆန့်ကျင်သည့်အနေဖြင့် တုံ့ပြန်ဆောင်ရွက်ခွင့်ရှိကြောင်း ဖော်ပြခဲ့သည်။

ဆင်ဟွာ