ဗန်းမောက်မြို့နယ်အတွင်းမှ ကျွန်းသစ်လုံး ၁၈ လုံးဖမ်းမိ

ဗန်းမောက် ၂၂ ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် နားယကာကျေးရွာအနီး၊ တောအတွင်းမှ ကျွန်းသစ်လုံး ၁၈ လုံး ဖမ်းမိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ  ဇန်နဝါရီ ၂၁ ရက် ညနေ ၃ နာရီ ၁၅ မိနစ်ခန့်တွင် ဗန်းမောက်မြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ် အောင်သိန်းဇော် ဦးစီးသော အဖွဲ့သည် သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ လိုက်ပါလျှက်သက်သေများနှင့်အတူ ဗန်းမောက်မြို့နယ်၊  နားယကာကျေးရွာအနီးတောအတွင်းသို့ သတင်းအရ ဝင်ရောက်ရှာဖွေရာ ကျွန်းသစ်လုံး (၁၈) လုံး၊ ၃ ဒဿမ ၈၈၆ တန် ရှာဖွေဖမ်းဆီးရမိသဖြင့် သစ်ပိုင်ရှင်အား သစ်တောဥပဒေအရ အရေးယူ ဆောင်ရွက်ထားကြောင်း တောအုပ် အောင်သိန်းဇော်ထံမှသိရသည်။

 

လူအောင်(ကသာ)