စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီအဖွဲ့နှင့် ဌာနတာဝန်ရှိသူများ တွေ့ဆုံ

ပုလဲ  ၂၂ ဇန်နဝါရီ 


စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များစိစစ်ရေးကော်မတီအဖွဲ့မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များသည် ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ပုလဲရတနာခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲက ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေလင်း၊မြို့နယ်အဆင့် ဌာနတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီအဖွဲ့ဝင် ချောင်းဦးမြို့နယ်  တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က အမှာစကား ပြောကြားခဲ့သည်။


ဆက်လက်၍  တပ်မတော်သားတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဗိုလ်မှူး သက်နိုင်အေးက ဒုတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန် အစည်းအဝေးမှ (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအထိ ကတိဖြစ်ပေါ်ခဲ့သည့် လုပ်ငန်းများနှင့် ပတ်သတ်၍ ချပြရှင်းလင်း ဆွေးနွေးခဲ့သည်။


ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး  ဦးဖြိုးဝေလင်း၊ မြို့နယ်ပညာရေးမှူး  ဦးဝင်းရွှေ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန  ဦးစီးအရာရှိ ဦးတင့်လွင်နှင့် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်စိုးအောင်တို့က ဒုတိယအကြိမ်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေးမှ  (၁၄) ကြိမ်မြောက်ပုံမှန် အစည်းအဝေးအထိ ကတိဖြစ်ပေါ်ခဲ့သည့် လုပ်ငန်းများနှင့်ပတ်သတ်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကိုရှင်းလင်းတင်ပြခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  သိရသည်။


MDN