စစ်တွေမြို့၌ ကျား/မ တန်းတူညီမျှရေးနှင့် အမျိုးသမီးများ၏ စွမ်းဆောင်မြှင့်တင်ရေး(အဆင့်မြင့်) သင်တန်းဖွင့်

စစ်တွေ    ၂၁    ဇန်နဝါရီ 

 

ရခိုင်ပြည်နယ် အမျိုးသမီးကော်မတီ၏ ဦးဆောင်မှုဖြင့် လူမှုဝန်ထမ်းဦးစီးဌာနနှင့် UN Women တို့ပူးပေါင်းပြီး ကျား မ တန်းတူညီမျှရေးနှင့် အမျိုးသမီးများ၏ စွမ်းဆောင်မြှင့်တင်ရေး(အဆင့်မြင့်) သင်တန်းကို ယနေ့ ၉ နာရီက စစ်တွေဟိုတယ်ခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ UN Women အဖွဲ့မှ သင်တန်းနည်းပြ Mrs. Shairakint Parmer က ကျား/မ တန်းတူ ညီမျှရေးနှင့် အမျိုးသမီးများ၏ စွမ်းဆောင်မြှင့်တင်ရေး(အဆင့်မြင့်) သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ 

 

mdn

 

အဆိုပါ သင်တန်းသို့ စစ်တွေမြို့နယ်အတွင်းမှ သင်တန်းသား သင်တန်းသူ ၃၅ ဦး တက် ရောက်ကြပြီး သင်တန်းနည်းပြဆရာ လေးဦးက ဇန်နဝါရီ ၂၁ ရက်မှ ၂၂ ရက်ထိ ကျား/မ တန်းတူညီမျှရေးနှင့် အမျိုးသမီးများ၏ စွမ်းဆောင်မြှင့်တင်းရေး စသည့်အကြောင်းအရာများကို စာတွေ့ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဝင်းမင်းစိုး(ပြန်/ဆက်)

 

mdn