ဆောင်းရာသီနှင့်သင့်သော အစားအစာများ

တန်ဆောင်မုန်းလ ဝင်သည်နှင့် ဆောင်းဦးပေါက် ရာသီသို့ ရောက်ပြီဖြစ်သည်။ နှာရည်ယိုရွှဲ တပို့တွဲ လ ရောက်သည့် တိုင်အောင် ဆောင်းဥတု လေးလကို ဖြတ်သန်းကြရတော့မည် ဖြစ်သည်။ အေးသဖြင့် ချမ်း သဖြင့် နွေးနွေးထွေးထွေး ဝတ်စားဆင်ယင်ရမည့် ရာသီဥတု ဖြစ်သည်။

 

မြန်မာ့ ဆေးပညာအရ ဆောင်းဥတုတွင် ပြင်ပဗဟိဒ္ဓမှာ အေးနေသော်လည်း အတွင်းအဇ္ဈတ္တမှာ ပူ နေသည်ဟု ဆိုသည်။ အပူ အခိုးအငွေ့တို့သည် ချွေးအဖြစ် ပြင်ပသို့ ထွက်မရသဖြင့် ကိုယ်တွင်း၊ ဝမ်းတွင်း၊ အူတွင်းတို့တွင် ပိတ်လှောင်မိနေသည်။ ထို့ထက်ပို၍ ဆိုရလျှင် အပူ အကျဉ်းကျနေသည်ဟု ဆိုရမည့် ရာသီ ဖြစ်သည်။

 

အပူကို အအေးနှင့်ဖြေ၊ အအေးကို အပူနှင့်ဖြေ ဆိုသည်မှာ ခန္ဓာကိုယ် ပြင်ပတွင် မှန်ကန်သော် လည်း အတွင်းတွင် မမှန်ကန်ပေ။ အပူကို အပူနှင့်ချေမှသာ ကြေသည့်အခါ ရှိသည်။ “ဓာတ်တူနံတူ ဆေး ဘက်ယူ ဓာတ်တူသတ်က အသေရ” ဆိုသည့် စာဆိုရှိသည်။ ဥပမာအားဖြင့် ကိုယ်တွင်းပူသဖြင့် ဆောင်း တွင်း အအေး၊ ရေခဲရေသောက်၍ မရ။ အထက်သို့ အပူပြန်ကန်ပြီး လည်ချောင်း နာတတ်သည်။ အခန့်မ သင့်လျှင် ရေခဲရေ တစ်ကြိမ်သောက်ရုံဖြင့် အာသီးရောင်နိုင်သည်။ အတွင်းပူသော်လည်း ရေနွေးကြမ်းပူပူ လေး သောက်မှသာ အတွင်းမှ အပူကြေပြီး ရေငတ်လည်း ပြေနိုင်သည်။

 

ဆောင်းရာသီနှင့်သင့်သော အစားအစာ အချို့မှာ-

 

၁။      ကြက်သားနှင့် ရှောက်သီးသုပ်

 

ကြက်သားမှာ ပူ၍ ချိုသောအစာ ဖြစ်သည်။ ရှောက်သီးမှာ အေး၍ချဉ်သော အစာဖြစ်သည်။ လူကြီး များအတွက် ကြက်သား အကောင်ငယ် ၄၅ကျပ်သားအောက် အကောင်၏ အသားကို ချင်း၊ ကြက်သွန်ဖြူ ဖြင့် နူးအောင် ပြုတ်ပြီးနောက် အသားကိုမွပြီး ရှောက်သီးအမြွာများဖြင့် ရောသုပ်ပါ။ သင့်တင့်သော ဟင်း ခတ်အမွှေးအကြိုင်များ ထည့်နိုင်ပါသည်။

 

၂။       ငါးကြင်းနှင့် မန်ကျည်းမှည့်ချက်

 

ငါးကြင်းဖြူလတ်လတ်ကို အသင့်အတင့် ခုတ်ပိုင်းပြီးနောက် ပဲဆီ (သို့မဟုတ်) နှမ်းဆီဖြင့် ကြော်ပါ။ အနည်းငယ် ကြွပ်အောင်ကြော်ပါ။ ဆီစစ်ထားပြီးနောက် မန်ကျည်းမှည့် အနှစ်ရည်ကို ကြက်သွန်ဖြူ၊ နီ ဆီ သတ်ပြီး နောက်မှထည့်ကာ ဟင်းပြန်ချက်ပါ။ အချို့က မန်ကျည်းသီးစိမ်း အူပေါက်ဖြင့်လည်း ချက်စားလေ့ ရှိသည်။ မန်ကျည်းမှည့်ရည်သည် ဝမ်းတွင်းမှ အပူငြိမ်းပြီး ဝမ်းမှန်စေသည့် ဓာတ်စာဖြစ်သည်။

 

၃။      ဒန့်သလွန်သီး ချဉ်ရည်ဟင်း

 

ဒန့်သလွန်သီးတောင့်ကို အနေတော် ပိုင်းဖြတ်၍ အာလူး၊ ခရမ်းသီး၊ ကုလားပဲ အနည်းငယ်တို့နှင့် ရောပြီး မန်ကျည်းမှည့်အရည် ထည့်ကာ ချဉ်ရည်ဟင်း ချက်စားနိုင်သည်။ ချက်ပြီးကျက်မှ မဆလာအုပ်လျှင် ကုလားဟင်းဟုလည်း ခေါ်ကြသည်။ ခံတွင်းပျက်သောအခါ ခံတွင်းကောင်းစေရန် မဆလာ ထည့်ချက်ခြင်း ဖြင့် အခိုးအာကာသ ပွင့်သော ဓာတ်စာ ဖြစ်သွားသည်။

 

၄။      မျှစ်နှင့် ချဉ်ပေါင်ကြော်

 

သေချာစွာ ကြော်ထားလျှင် ရက်ရှည် အထားခံသော ဓာတ်စာမျိုး ဖြစ်သည်။ မျှစ်သည် အမျှင်များ သဖြင့် ဝမ်းမှန်စေသည်။ ချဉ်ပေါင်ရိုးနီ ရွက်နီရလျှင် ပို၍ကောင်းသည်။ ချဉ်ပေါင်ကြော်သည် ခံတွင်းရှင်းစေ ပြီး ဝမ်းတွင်းမှ လေပူကို အောက်သို့ သက်စေသော ဓာတ်စာဖြစ်သည်။ လေသက်ခြင်းဖြင့်လည်း ဆောင်း တွင်း ဝမ်းထဲမှ အပူကို ထုတ်ပစ်နိုင်သည်။

 

 

၅။      ငါးဖယ်ဆုပ် ချဉ်ရည်ဟင်း

 

ငါးဖယ်ဆုပ်ဟု ခေါ်သော်လည်း ဈေးများတွင် အဆင်သင့် အသားခြစ်ပြီးရောင်းသည့် ငါးကြင်းခြစ်၊ ငါးမြစ်ချင်းခြစ် စသည့် ငါးများကိုလည်း စားသုံးနိုင်ပါသည်။ အရိုးကြောက်သဖြင့် ငါးဟင်း မစားချင်သူများ အတွက် ငါးဖယ်ခြစ်သည် ကြော်၍စားစား၊ ချက်၍စားစား အဆင်ပြေသောဟင်း ဖြစ်သည်။ ဆောင်းရာသီ တွင် ရိုးရိုးမချက်ဘဲ မန်ကျည်းမှည့်ရည်ဖြင့် ဆီလည်ရေလည် ချက်စားလျှင် ပို၍ သင့်တော်ပါသည်။ ငရုတ် သီး အပွတောင့်ကိုလည်း ထောင်းပြီး အစပ်အရသာ ပါအောင်ထည့်နိုင်သည်။ ပန်းငရုတ်ခေါ် ငရုတ်ပွအစိမ်း တောင့်များ ရောချက်လျှင်လည်း ဟင်းပွဲလှပပြီး စားကောင်းသော ဆောင်းတွင်းဓာတ်စာ ဟင်းလျာတစ်ပွဲရ ရှိနိုင်သည်။

 

၆။      ချဉ်စော်ကားသီးထောင်း

 

အထက်အညာတွင် ဆီးဖြူသီးထောင်း စားသကဲ့သို့ ချဉ်စော်ကားသီးကိုလည်း ထောင်းစားလေ့ရှိ သည်။ နွေတွင် ဆီးဖြူသီးသည် ဝမ်းပျက် ဝမ်းလျောခြင်းကို ကာကွယ်သည့်ဓာတ်စာ ဖြစ်သကဲ့သို့ ဆောင်း တွင် ချဉ်စော်ကားသီးသည် အသားပပ်ခြင်းကို ကာကွယ်သော ဓာတ်စာဖြစ်သည်။ အရေပြားတွင် အခိုးပိတ် ပြီး အက်ကွဲခြင်းကို ကာကွယ်သည့် တေဇောဝါယောစာ ဖြစ်သည်။ အနောက်တိုင်း ဓာတ်စာအလိုအရ ဆို လျှင် အသားပပ်ခြင်းကို ကာကွယ်နိုင်သော ဗီတာမင်စီပါသော အသီးဖြစ်သည်။

 

ချဉ်စော်ကားသီးကို ရေစင်အောင် ဆေးပြီး ငရုတ်ဆုံတွင် ထောင်းသောအခါ ကြက်သွန်အဖြူ၊ အနီ၊ ချင်းတို့ကိုလည်း ကြိုတင် နုပ်နုပ်စဉ်းထားပြီး ရောထောင်းလျှင် အကောင်းဆုံး ဖြစ်သည်။ အချို့ အစပ်ကြိုက် သူများမှာ မိုးမျှော် ငရုတ်သီးစိမ်း၊ ရွှေအပ်ငရုတ်သီးစိမ်း တို့ကို အနည်းငယ်ထည့်ထောင်း စားကြလေ့ရှိသည်။ ဆောင်းဥတုတွင် ကိုယ်တွင်းအပူငုပ်ပြီး အပြင်အအေးပတ်ဖွဲ့ကာ အရေပြားချွေးပေါက်များ ပိတ်လေ့ရှိသဖြင့် အချဉ်၊ အစပ်၊ အရသာရှိသော ဓာတ်စာများ နေ့စဉ် စားပေးသင့်သည်ဟု ရှေးဆရာကြီးများက ဆိုသည်။

 

၇။      ငါးနှင့် စောင်းလျားသီးချက်

 

စောင်းလျားသီးသည် ချဉ်သောအရသာ ရှိသောအသီး ဖြစ်သည်။ မှည့်လျှင် အချိုအရသာ အနည်း ငယ် ဝင်လာသည်။ အသီးကို တန်းလန်းဖြတ်လှီးလျှင် ကြယ်ပုံသဏ္ဍာန် ရှိသည်။ ငါးခူ၊ ငါးကျည်း စသော ငါး မျိုးများသည် တက်စာများ ဖြစ်သော်လည်း စောင်းလျားသီးအချဉ်နှင့် ရောချက်လိုက်လျှင် အတက်သက်သာ သည်။ အကြေးပါသော ငါးသလောက်သည်လည်း တက်စာဖြစ်သည်။ စောင်းလျားသီးနှင့် ပေါင်းစားလျှင် အ တက်သက်သာသည်။ ငါးကြင်းဖြူနှင့် စောင်းလျားသီး ချက်စားလျှင် ဆောင်းဥတုအတွက် ဓာတ်စာဖြစ် သည်။ စောင်းလျားသီး ရင့်ရင့်နှင့် ငါးပြေမ ချက်စားလျှင် ကျောက်ကပ်တွင် တည်သော ကျောက်ကျစေ သည်ဟု လက်တွေ့ကျဖူးသူက ပြောပြသည်။

 

၈။      ကြာဆံဟင်းခါးချက်

 

တစ်ခါတစ်ရံ ထမင်းဟင်း စားချင်စိတ်မရှိလျှင် ကြာဆံဟင်းခါး ချက်စားလျှင် ချွေးထွက်ပြီး ခံတွင်း တွေ့ကာ လူကို ပေါ့ပါးစေသည်။ ဆောင်းဥတုနှင့် သင့်သောဓာတ်စာ ဖြစ်သည်။ ကြာဆံဟင်းခါး ချက်ရာ တွင် ထည့်သော အမယ်ကြီးအိုနားရွက်ဟု ခေါ်ကြသော မှိုခြောက်၊ ပန်းခြောက် အပွင့်များသည် နှလုံးသွေး ကြောကျဉ်း ရောဂါကို ပျောက်ကင်းစေနိုင်သည်ဟု ဆိုသည်။ ကြာဇံဟင်းခါး ချက်ရောင်းချသော ဆိုင်များ လည်း ရှိပါသည်။

 

 

၉။      ခရမ်းချဉ်သီးပန်ထွေဖျော်

 

အင်းသီးနှင့် ကိုင်းခရမ်းချဉ်သီး ဟူ၍ နှစ်မျိုးရှိသည်။ အချဉ်ကြိုက်လျှင် ကိုင်းခရမ်းချဉ်သီး၊ တောခ ရမ်းချဉ်သီးများကို သုံးပြီး ပန်ထွေဖျော် ပြုလုပ်နိုင်သည်။ ကြက်သွန်အဖြူ၊ အနီ ထောင်းပြီး ဆီအနည်းငယ် နှင့် ခရမ်းချဉ်သီး အနှစ်ကိုနယ်၍ ပန်ထွေဖျော် ပြုလုပ်သည်။ အစပ်ကြိုက်လျှင် ငရုတ်သီးစိမ်းတောင့် အ နည်းငယ်ကို ကတ်ကြေးဖြင့် ကိုက်ပြီးထည့်ပါ။ ချမ်းသောရာသီနှင့် အလွန်လိုက်သော အပွင့်စာ ဖြစ်ပါသည်။

 

၁၀။    ကျောက်ဖရုံသီးဟင်းခါး

 

ကျောက်ဖရုံသီးသည် ဆီးရွှင်ပြီး အပူ အောက်သက်စေသော အသီးမျိုး ဖြစ်သည်။ ကျောက်ကပ် ရောဂါများနှင့် တည့်ပြီး ကျောက်ကြေစေသော သတ္တိရှိသည်။ ဆောင်းဥတုတွင် ကိုယ်တွင်း အပူအောင်းပြီး ချွေးမထွက်သောကြောင့် အောင်းနေသော အပူကို ထုတ်ပစ်ရန် ဆီးမကြာခဏ သွားဖို့လိုသည်။ ဆောင်း တွင်း ဆီးမကြာခဏ သွားခြင်းသည် အပြစ်မဟုတ်ပေ။ သဘာဝက ကျန်းမာအောင် ဖန်တီးခြင်းသာ ဖြစ်သည်။

 

ကျောက်ဖရုံသီးသည် ဘူးသီးနှင့် မတူပေ။ အခွံပို၍ထူသည်။ အသားမာသည်။ ကြာကြာအထားခံ သည်။ ဘူးသီးသည် အအေးစာဖြစ်၍ အစားများလျှင် လေပွသည်။ ကျောက်ဖရုံသီးသည် အအေးစာ ဖြစ် သော်လည်း လေမပွပေ။ ကျောက်ဖရုံသီးကို ခပ်ပါးပါးစိပ်ပြီး ပုစွန်ငါးပိ အနည်းငယ်သုံး၍ ဖြစ်စေ၊ ပုစွန် ခြောက်ဖြင့် ဖြစ်စေ ဟင်းချို ချက်သောက်နိုင်သည်။ ဟင်းချိုရည် ကျက်သောအခါ ငရုတ်ကောင်းမှုန့် အနည်း ငယ်ဖြူးပြီးသောက်လျှင် ဟင်းခါးဖြစ်သွားသည်။ အချို့ကကြက်သွန်ဖြူနှင့် ငရုတ်ကောင်းစေ့ကို ရောထောင်း ပြီး ပုစွန်ခြောက်မှုန့်နှင့် ရောချက်ကာ ဟင်းခါးပြုလုပ် သောက်ကြသည်။ ဆီးကောင်းပြီး အအေးပတ်ခြင်း ဒဏ်ကိုပါ ကာကွယ်ပေးသော ဆောင်းဥတု ဓာတ်စာဖြစ်သည်။

 

၁၁။     ကြက်ဟင်းခါးသီးအစပ်ချက်

 

ကြက်ဟင်းခါးသီးသည် အစိမ်းရောင်အသီးနှင့် အဖြူရောင်အသီး ဟူ၍ နှစ်မျိုးရှိသည်။ အစိမ်းရောင် က ပို၍ခါးသည်။ အဖြူက အခါးသက်သာသည်။ မိမိနှစ်သက်ရာ ချက်စား၊ ကြော်စားကြပါသည်။ ကြက်ဟင်း ခါးသီး၏ သတ္တိများမှာ-

 

(က)      လေစာဖြစ်သည်                            (ခ)        အပူအပုပ်ကိုနိုင်သည်

(ဂ)        လေကိုသက်စေသည်                      (ဃ)      သွေးကိုတက်စေသည်

(င)        အခိုးအာကာသပွင့်စေသည်                (စ)      နှုတ်မြိန်စေသည်

(ဆ)      တစ်ကိုယ်လုံးသို့ လေကို ပျံ့နှံ့စေသည်။

 

သွေးတက်စေသော သတ္တိရှိသဖြင့် စားပြီးလျှင် အိပ်ချင် ငိုက်မျဉ်းတတ်သောကြောင့် ငရုတ်သီးအ စပ်ဖြင့် ရောချက်လျှင် ဓာတ်ပြယ်နိုင်သည်။ ရှေးက သဘာဝဓမ္မ ဆရာသန်း၏ ဓာတ်စာကျမ်း (၁၉၆၇) ခုနှစ် ထုတ်တွင် ကြက်ဟင်းခါးသီး အစိမ်းရောင်ကို ဓားဖြင့် ပါးပါးလှီးပြီးနောက် ဆားဖြင့်နယ်ပါ။ ပြီးလျှင် ရေပြန် ဆေးပါ။ ငါးပိစိမ်းစား အနည်းငယ်ဖြင့် နယ်ပြီးနောက် လတ်ဆက်သော ပုစွန်တုပ်နှင့် နှမ်းဆီ၊ နနွင်း၊ ကြက် သွန်ဖြူ၊ ကြက်သွန်နီတို့ဖြင့် ကောင်းစွာနယ်ပြီး ချက်စားပါလျှင် အောက်ပါရောဂါများကို ပျောက်ကင်းစေ သည်ဟု ရေးသားထားသည်။

 

          

  ကြက်ဟင်းခါးသီးဖြင့် ပျောက်ကင်းသော ရောဂါများ-

 

(၁)        သွေးဝမ်းရောဂါ

 

(၂)        ဓမ္မတာသွေး လွန်စွာပေါ်သောရောဂါ

 

(၃)        ဝမ်းကိုက်ရောဂါ

 

(၄)        လေငန်းရောဂါ

 

(၅)        ခံတွင်းပျက်ရောဂါ

 

အထက်ပါ ရောဂါများကို ပျောက်ကင်းစေသဖြင့် ကြက်ဟင်းခါးသီးကို ဓာတ်စာကောင်းအဖြစ် ဖော် ပြလိုက်ရသည်။ ကြက်ဟင်းခါးသီးနှင့် မတည့်သော ရောဂါများမှာ မျက်စိရောဂါ အမျိုးမျိုး၊ ခေါင်းမူးရောဂါ၊ ဇက်ကြောတက် ရောဂါ၊ လေလွန်၍ အိပ်မရသော ရောဂါ၊ အတက်ရောဂါ၊ ချောင်းဆိုးရောဂါများ ဖြစ်သည် ကို သတိပြုဖို့လည်း လိုပါသည်။ ကြက်ဟင်းခါးသီး ချက်စားပြီးလျှင် ရှောက်သီးအရည်နှင့် ပျားရည်စပ် သောက်ပေးလျှင် ဖြေဆေးဖြစ်ပါသည်။

 

ကြည်လွင်မြင့် (မုဒြာ)