ဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင် ကန်စစ်ဘက်ယာဉ်တန်းအား အိုင်အက်စ်အဖွဲ့ ကားဗုံးဖြင့် တိုက်ခိုက်

၂၂ ဇန်နဝါရီ


ဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင် အမေရိကန်တပ်ဖွဲ့များ၊ ကာဒက်မဟာမိတ်များပါဝင်သည့် ယာဉ်တန်းတစ်ခုကို ကားဗုံးခွဲတိုက်ခိုက်မှုကြောင့် လူငါးဦးသေဆုံးခဲ့ရာ အဆိုပါတိုက်ခိုက်မှုမှာ တစ်ပတ်အတွင်း အိုင်အက်စ်စစ်သွေးကြွများ၏ ဒုတိယအကြိမ် တိုက်ခိုက်မှုဖြစ်သည်ဟုဆိုသည်။


တနင်္လာနေ့က ဟာဆာကာမြို့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် ယာဉ်တန်းကို ဖောက်ခွဲရေးပစ္စည်းများ အပြည့်တင်ဆောင်ထားသည့် ကားတစ်စီးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဗြိတိန်အခြေစိုက် ဆီးရီးယား လူအခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့က ပြောကြားသည်။

သေဆုံးသူများမှာ စစ်ဘက်တပ်ဖွဲ့ဝင်များဖြစ်သည်။ တိုက်ခိုက်မှုအတွင်း အမေရိကန်တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။

 

mdn

 

တိုက်ခိုက်မှုမှာ အမေရိကန် တပ်ဖွဲ့ဝင်များကို  ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ကြောင်း အိုင်အက်စ်အဖွဲ့က ကြေညာချက်တစ်ခုအတွင်း ပြောကြားသည်။ ပြီးခဲ့သည့်အပတ်က ဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် အမေရိကန်တပ်ဖွဲ့ဝင်လေးဦး သေဆုံးခဲ့သည့် အသေခံဗုံးပေါက်ခွဲမှုမှာ အိုင်အက်စ်အဖွဲ့၏လက်ချက်ဟု ယူဆရ သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အမေရိကန်တပ်များ ဆီးရီးယားမှ ရုတ်သိမ်းကြောင်း ကြေညာခဲ့ပြီး အိုင်အက်စ်အဖွဲ့ ဖြိုခွင်းခံခဲ့ရပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။


အဆိုပါ ဆုံးဖြတ်ချက်ကို ဒေါ်နယ်ထရမ့် ထောက်ခံသူများအပါအဝင် အမေရိကန်နိုင်ငံ၌ ဝေဖန်ခဲ့ကြသည်။ ဒေါ်နယ်ထရန့်၏ကြေညာချက်က အိုင်အက်စ်အဖွဲ့၏ယုံကြည်မှုကို မြှင့်တက်စေခဲ့ဖွယ်ရှိကြောင်း ရီဗက်ပလီကင်အ မတ်အချို့က ပြောကြားသည်။   

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်

 

mdn