ဆီးရီးယားရှိ အီရတ်ပစ်မှတ်များကို အစ္စရေးလေတပ် တိုက်ခိုက်

၁၄ ဇန်နဝါရီ

 

အစ္စရေးလေတပ်က ဆီးရီးယားနိုင်ငံရှိ  အီရန်ပစ်မှတ်များအပေါ် လေကြောင်းတိုက်ခိုက်မှုတစ်ရပ် လုပ်ဆောင်ခဲ့ကြောင်း  အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ရာဟုက ပြောကြားသည်။

 

11z


အစ္စရေးလေတပ်က ဒမတ်စကပ် အပြည်ပြည်ဆိုင်ရာ လေဆိပ်အနီး လက်နက်များထားရှိရာ အီရန်ဂိုဒေါင်များကို တိုက်ခိုက်ခဲ့ကြောင်း ဘင်ဂျမင်နေတန်ရာဟုက တနင်္ဂနွေနေ့က ကြေညာခဲ့သည်။

 

အစ္စရေးနိုင်ငံက ဆီးရီးယားနိုင်ငံရှိ အီရန်တပ်ဖွဲ့များအပေါ် ယခင်ကထက် အရေးယူမှုပြုလုပ်ရန် ဆုံးဖြတ်ထားကြောင်း ၄င်းက ပြောကြားသည်။ 

 

အစ္စရေးတပ်မတော်သည် ပြီးခဲ့သည့် သောင်္ကြာနေ့ညက ဒမတ်စကပ်လေဆိပ်ဝန်းကျင်ရှိ အီရန်စစ်ဘက်အ ဆောက်အအုံများနှင့် လက်ဘနွန်ရှီးယိုက်မွတ်ဆလင်အုပ်စု ဟစ်ဘိုလာတို့အပေါ် လေကြောင်းတိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ကြောင်း ဆီးရီးယားမီဒီယာများက ရေးသားဖော်ပြခဲ့သည်။

 

အစ္စရေးနိုင်ငံက ဆီးရီးယားနိုင်ငံရှိ တည်နေရာများကို တိုက်ခိုက်လျက်ရှိပြီး အစ္စရေးနိုင်ငံအနေဖြင့် ဆီးရီးယား ပြည်တွင်းစစ်တွင်ပါဝင်ပြီး အင်အားတိုးချဲ့လျက်ရှိကြောင်း ပြောကြားသည်။ 


တိုက်ခိုက်မှုများအတွက် ဝန်ခံခြင်းမှာ အစ္စရေးနိုင်ငံအတွက် ရှားရှားပါးပါးဖြစ်ရပ်ပင်ဖြစ်သည်။


ဆီးရီးယားနိုင်ငံမှ အမေရိကန်တပ်များ ဆုတ်ခွာမည့် အမေရိကန်၏ ဆုံးဖြတ်ချက်က ဆီးရီးယားနိုင်ငံတွင် အီရန်နိုင်ငံက စစ်ရေးအင်အားတိုးချဲ့မည်ဆိုသော စိုးရိမ်ပူပန်မှု အစ္စရေးနိုင်ငံအတွင်း မြင့်မားလာစေခဲ့သည်။

 

နေတန်ရာဟု၏ကြေညာချက်က အစ္စရေးနိုင်ငံသည် အီရန်နိုင်ငံနှင့်ပတ်သက်၍ ယင်း၏ သဘောထားတင်းမာ သောမူဝါဒကို ဖြေလျော့မည်မဟုတ်ဆိုသည့် ပြည်သူများကိုအလေးထားသည့် ကြိုးပမ်းမှုတစ်ရပ်အဖြစ် ရှုမြင်လျက်ရှိသည်။ 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်