ဆီးရီးယားတွင် အစ္စရေး  လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွား

၂၁ ဇန်နဝါရီ

 

အစ္စရေးတပ်ဖွဲ့က အီရန် လက်ရွေးစင်တပ်ဖွဲ့များကို ပစ်မှတ်ထားပြီး ဆီးရီးယားတွင် ၂ ရက်ကြာ လေကြောင်းတိုက်ခိုက်မှု များကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခဲ့ကြရာ ယနေ့မနက်စောပိုင်းက ဆီးရီးယား၏ အခြားနေရာများနှင့် ဒမတ်စကတ်မြို့တော် ပတ်ဝန်းကျင်ဒေသများတွင် လေကြောင်းတိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အစ္စရေး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်ခဲ့ခြင်းနှင့်အတူ ပဲ့ထိန်းဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့သော်လည်း အောင်မြင်မှု မရှိခဲ့ကြောင်း ဆီးရီးယား နိုင်ငံပိုင်မီဒီယာက ဖော်ပြထားသည်။

 

ဒမတ်စကတ်မြို့တော်တွင် ပေါက်ကွဲမှု ကျယ်လောင်စွာ ဖြစ်ပွားခြင်းသည် အစ္စရေးတိုက်ခိုက်မှုမှ ဖြစ်ဖွယ်ရှိသည်ဟု ဖော်ပြထားသည်။

 

ယမန်နေ့က အစ္စရေးလေကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ဆီးရီးယားနှင့် အစ္စရေးတို့အကြား တင်းမာမှုများ မြင့်မားလာခဲ့သည်။ဆီးရီးယားတို့ကတန်ပြန်ထိုးစစ်တစ်ရပ်အဖြစ် အစ္စရေးနယ်စပ်ဘက်သို့ ဒုံးကျည်ပစ်လွှတ်ခဲ့ကြကြောင်း သိရသည်။

 

ကိုးကား အန်အိတ်ချ်ကေ
ဘာသာပြန် မြင့်မြင့်ချို