China LPGA Tour 2019 ဂေါက်သီးရိုက်ပြိုင်ပွဲတွင် မြန်မာပရော်ဖက်ရှင်နယ် အမျိုးသမီးဂေါက်ကစားသမား ယဉ်မေမျိုး လက်ရည်စစ်ပွဲအောင်မြင်

၂၀ ဇန်နဝါရီ

 

China LPGA Tour 2019 ဂေါက်သီးရိုက်ပြိုင်ပွဲအတွက် လက်ရည်စစ်ပွဲကို ဇန်နဝါရီ ၁၆ ရက်မှ ၁၈ ရက်အထိ တရုတ်နိုင်ငံ၌ ကျင်းပခဲ့ရာ  မြန်မာပရော်ဖက်ရှင်နယ် အမျိုးသမီးဂေါက်သီးရိုက်ကစားသမား ယဉ်မေမျိုး လက်ရည်စစ်ပွဲအောင်မြင်ခဲ့သည်။ 

 

ယဉ်မေမျိုးသည် ၂၀၁၉ ခုနှစ်အတွက် ကျင်းပသည့် China LPGA Tour 2019 ဝင်ခွင့်အတွက် ယှဉ်ပြိုင်ရာတွင် အဆင့် (၂၈) နေရာမှ လက်ရည်စစ်ပွဲအောင်မြင်ခဲ့ခြင်းလည်းဖြစ်သည်။ ထို့ကြောင့် ယဉ်မေမျိုးသည် China LPGA Tour 2019 ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရသည့် ပထမဆုံး မြန်မာပရော်ဖက်ရှင်နယ် အမျိုးသမီးဂေါက်သီးရိုက်ကစားသမား ဖြစ်လာခဲ့သည်။ မြန်မာပရော်ဖက်ရှင်နယ် ဂေါက်သီးရိုက် ကစားသမားများသည် ယခုနောက်ပိုင်းတွင် နိုင်ငံတကာပြိုင်ပွဲများ၌ ဆက်တိုက် ယှဉ်ပြိုင်ခွင့်ရလာပြီး အမျိုးသားကစားသမား ရဲထက်အောင်မှာမူ ဒီဇင်ဘာလက ထိုင်းနိုင်ငံ၌ ကျင်းသည့် Asian Tour ပြိုင်ပွဲတွင် လက်ရည်စစ်ပွဲအောင်မြင်ခဲ့သည်။

 

သတင်း-ဖိုးသော်ဇင်

 

ဓာတ်ပုံ-ဂေါက်သီးအဖွဲ့ချုပ်