ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်မြတ်အား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူရန် စတင်ဆောင်ရွက်

ကျိုက်ထို ၂၁  ဇန်နဝါရီ 

 

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၌ တည်ရှိသည့် ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်မြတ်ကို ၃ နှစ်တစ်ကြိမ် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူလျှက်ရှိရာ ၂၀၁၉ ခုနှစ် မတ်လ ၂၀ ရက် တပေါင်းလပြည့်နေ့တွင် စေတီတော်အား လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်ပြီး ရောင်ခြည်တော်ဖွင့် ပူဇော်နိုင်ရန် ဇန်နဝါရီ ၂၀ ရက် နံနက် ၇ နာရီမှစတင်ပြီး စေတီတော်မြတ်အား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူရန် စတင်ဆောင်ရွက် နေပြီဖြစ်ကြောင်း သိရသည်။


ယင်းသို့ စတင်ဆောင်ရွက်ရာတွင် ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော် သြဝါဒါ စရိယ ကျိုက်ထီးရိုး ရင်ပြင်တော်ကျောင်းတိုက် ဆရာတော် ဉူးနန္ဒမာလာနှင့် သြဝါဒါစရိယ ဆရာတော်များနှင့်အတူ လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များ မီးသတ်တပ်ဖွဲ့ဝင်များ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်များ၊ ဈေးသူဈေးသားများက ငြမ်းဆင်ခြင်းလုပ်ငန်း နှင့်အတူ အခြားလုပ်ဆောင်ရမည့် လုပ်ငန်းများကို ရက်ပေါင်း ၅၀ အတွင်း အပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


ဝင်းမောင်(ကျိုက်ထို)