ဆူဒန်အနောက်ပိုင်းတွင် ယာဉ်မတော်တဆမှုဖြစ်ပွား ၁၄ ဦးသေဆုံး

၁၄ ဇန်နဝါရီ 

ဆူဒန်နိုင်ငံ အနောက်ပိုင်းတွင် ယမန်နေ့က ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ရာ ၁၄ ဦးသေဆုံးခဲ့ကြောင်း ဆူဒန်မြောက်ပိုင်း ဒါဖာ ပြည်နယ် တာဝန်ရှိသူ က ပြောကြားခဲ့သည်။

ဒါဖာ မြောက်ပိုင်းနှင့် ကော်ဒိုဖန် ပြည်နယ် အနောက်ပိုင်း ကြားနယ်စပ် ယူအမ် ကာဒါဒါ  ရှိ ဆဗေးရှင်းလမး်မပေါ်တွင် ၎င်းယာဉ်မတော်တဆ ဖြစ်ပွားခဲ့ကြောင်း ယူအမ် ကာဒါဒါ အုပ်ချုပ်ရေးမှူး  မိုဟာမက် အိုစမန် က ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ယာဉ်မတော်တဆမှုတွင် အရေအတွက်မသိရသေးသော ဒဏ်ရာရသူများကို နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

ဆူဒန်နိုင်ငံ ခါတွန် မြို့တော်မှ လာသော ခရီးသည်တင် ဘတ်စ်ကားတစ်စီးသည် လမ်းဘေးတွင် ရပ်နားထားသော ကုန်တင်ကားပျက်တစ်စီးကို တိုက်မိခဲ့ရာမှ ထိုယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း  ၎င်းက ရှင်းလင်းပြောကြားခဲ့သည်။

ဆူဒန်နိုင်ငံသည်  ယာဉ်မဆင်မခြင်  မောင်းနှင်ခြင်း၊ လမ်းများ မကောင်းခြင်းတို့ကြောင့် ယာဉ်မတော်တဆမှုဖြစ်ပွား ကာ သေဆုံးနှုန်းမြင့်မားသည့် နိုင်ငံဖြစ်ကြောင်း သိရသည်။

ကိုးကား ဆင်ဟွာ
ဘာသာပြန် မြင့်မြင့်ချို