စီးပွားရေးစီမံချက်အသစ်များကို ဗင်နီဇွဲလားကြေညာ

ကရာကက် ၁၅  ဇန်နဝါရီ

ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ်မာဒူရိုသည် ငွေကြေးအလွန်အမင်းဖောင်းပွမှုကို ကိုင်တွယ်ဆောင်ရွက်ရန် ရည်ရွယ်သည့် စီးပွားရေးဆိုင်ရာ စီမံချက်အသစ် တစ်ရပ်ကို အဆိုပြုခဲ့ကြောင်း သိရသည်။ သို့သော် ယင်းစီမံချက်များမှာ ခက်ခဲနိုင် ဖွယ်ရှိကြောင်း ကျွမ်းကျင်သူအချို့က မှတ်ချက်ချခဲ့ကြသည်။

နှစ်စဉ် ငွေကြေးဖောင်းပွမှုနှုန်းသည် ရာခိုင်နှုန်း ၁ ဒသမ ၆ သန်းကျော်ရှိနေ ခြင်းက အမေရိကန်ကိုဆန့်ကျင်နေသည့် ဗင်နီဇွဲလားနိုင်ငံကို ထိခိုက်စေခဲ့ကြောင်း သိရသည်။ နိုင်ငံအတွင်း၌ အစား အသောက်၊ ဆေးဝါးနှင့် အခြားသော ကုန်ပစ္စည်းများ အကြီးအကျယ် ရှားပါး ပြတ်လပ်မှုကို ရင်ဆိုင်နေရပြီး လူသုံးသန်း ကျော်တို့သည် အိမ်နီးချင်းနိုင်ငံများဆီသို့ ထွက်ပြေးရလျက်ရှိသည်။

တနင်္လာနေ့က ပြောကြားခဲ့သည့် မိန့်ခွန်းတွင် မာဒူရိုက ပြည်တွင်းဝယ်လို အားကို ချဲ့ထွင်မှုနှင့် စီးပွားရေးဖွံ့ ဖြိုး တိုးတက်မှုအတွက် ရည်ရွယ်သည့် စီမံ ချက်များကို အဆိုပြုခဲ့သည်။ လာမည့် ၂၀၂၅ တွင် လူငယ်များအတွက် အလုပ် အကိုင်ပေါင်း တစ်သန်းခန့် ဖန်တီးပေးရန် သာမက ဝင်ငွေနိမ့်ပါးသည့် မိသားစုများ အတွက် အိမ်ရာငါးသန်းခန့် တည်ဆောက် ပေးမည့် အစီအစဉ်များလည်း ပါဝင်ကြောင်း သိရသည်။

သို့သော်လည်း ယင်းစီမံချက်များနှင့် ပတ်သက်၍ မည်သို့ရန်ပုံငွေထူထောင် မည့်ကိစ္စနှင့် ပတ်သက်၍ အသေးစိတ် ဖော်ပြခဲ့ခြင်း မရှိပေ။ ကျွမ်းကျင်သူများက နိုင်ငံ၏ ငွေကြေးဖောင်းပွမှု အခြေအနေကို ကိုးကားလျက် ယင်းစီမံချက်များ၏ အကျိုးသက်ရောက်မှုများကို မေးခွန်း ထုတ်ခဲ့သည်။

သမ္မတ မာဒူရိုသည် ပြီးခဲ့သည့် မေလက သမ္မတအဖြစ် ပြန်လည်ရွေးကောက် တင်မြှောက်ခြင်း ခံခဲ့ရသည်။ သို့သော် အမေရိကန်ပြည်ထောင်စု၊ ဘရာဇီးနှင့် အာဂျင်တီးနားအပါအဝင် လက်တင် အမေရိကနိုင်ငံများက မသမာမှုများ ရှိသည့် ရွေးကောက်ပွဲအဖြစ် ပြောဆိုခဲ့ကြသည်။

အင်န်အိတ်ချ်ကေ