ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် လုယက်မှုဖြင့် အရေးယူထားသူအား စစ်ဆေးရာမှ နောက်ထပ်လု ယက်မှု(၂၁)မှုအား ထပ်မံဖော်ထုတ်နိုင်ခဲ့ 

ရန်ကုန်  ၂၁  ဇန်နဝါရီ 

 

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးမှ မိမိတိုင်းဒေသကြီးနယ်မြေအတွင်း ဒုစရိုက်မှုများလျော့နည်းကျ ဆင်းရေးစီမံချက်ချ ဆောင်ရွက်သွားရန်ညွန်ကြားချက်အရ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အုပ်ချုပ်မှု ဌာနခွဲမှတပ်ဖွဲ့ဝင်များသည် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့မရဲစခန်း (ပ)၃၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂ /ကျင့် ၅၄ အမှုမှတရားခံ ဝေဖြိုးအောင်(ခ) အောင်ဘု၏ ထွက်ဆိုချက်အရ ၎င်းနှင့်ပြစ်မှုအတူ ကျူးလွန်သူများဖြစ်သော ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေသူများဖြစ်သည့် ကောင်းထက်ဇော်၊ မျိုးသန့်(ခ)ဟာဇစ်နှင့် ဇော်နိုင်ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးခဲ့ သည်။

၄င်းတို့သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်း ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် Samsung အဖြူရောင် လက်ကိုင်ဖုန်း တစ်လုံး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် Samsung အမျိုးအစား အနက်ရောင်လက်ကိုင်ဖုန်း (၁)လုံး၊ Vivo အမျိုးအစား အဖြူရောင်လက်ကိုင်ဖုန်း(၁)လုံး၊ Redmi 4x အမျိုးအစား ရွှေရောင်လက်ကိုင်ဖုန်း (၁)လုံး၊ Samsung Galaxy Mega အမျိုးအစား အဖြူရောင် လက်ကိုင်ဖုန်း(၁)လုံး၊ Oppo အမျိုးအစား အဖြူရောင် လက်ကိုင်ဖုန်း(၁)လုံး၊ Huawei အမျိုးအစား အဖြူရောင်လက်ကိုင်ဖုန်း(၂)လုံး၊ နိုဝင်ဘာလအတွင်း ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် Oppo အမျိုးအစား အဖြူရောင် လက်ကိုင်ဖုန်း(၁)လုံး၊ Samsung Galaxy A-7 အမျိုးအစား အနက်ရောင် လက်ကိုင်ဖုန်း(၁)လုံး၊ Huawei အမျိုးအစား ရွှေရောင်လက်ကိုင်ဖုန်း(၂)လုံး၊ Meizu အမျိုးအစား ရွှေရောင် လက်ကိုင်ဖုန်း(၁)လုံး၊ Mi အမျိုးအစား အနက်ရောင်လက်ကိုင်ဖုန်း(၁)လုံး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်အတွင်း Samsung အမျိုးအစား အနက်ရောင်လက်ကိုင်ဖုန်း(၁) လုံး၊ အောက်တိုဘာလအတွင်း ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် Mi အမျိုးအစားအဖြူရောင် လက်ကိုင်ဖုန်း (၂)လုံး၊ Oppo Neo 7 အမျိုးအစား ရွှေရောင်လက်ကိုင်ဖုန်း(၂)လုံး၊ Oppo အမျိုးအစား အဖြူရောင်လက်ကိုင်ဖုန်း (၁)လုံး၊ Mi အမျိုးအစား ရွှေရောင် လက်ကိုင်ဖုန်း(၁)လုံး၊ HoBo အမျိုးအစား နက်ပြာရောင်လက်ကိုင်ဖုန်း(၁)လုံး၊ Huawei အမျိုးအစား အဖြူရောင် လက်ကိုင်ဖုန်း(၁)လုံး၊ Honor အမျိုးအစား အဖြူရောင်လက်ကိုင်ဖုန်း(၁)လုံး၊ ဇန်နဝါရီလအတွင်း ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် Vivo အမျိုးအစားအနက်ရောင် လက်ကိုင်ဖုန်း(၁)လုံးတို့အား လုယူခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သည်။


စစ်ဆေးပေါ်ပေါက်ချက်အရ ဝေဖြိုးအောင်(ခ)အောင်ဘု ပါ ၄ ဦးအား ဥပဒေနှင့်အညီအရေးယူ ဆောင်ရွက်လျက်ရှိပြီး သက်သေခံ လက်ကိုင်ဖုန်းများနှင့်စပ်လျဉ်း၍  ပိုင်ရှင်များအနေဖြင့် သက်ဆိုင်ရာမြို့မရဲစခန်း အသီးသီးသို့ ဆက်သွယ် မေးမြန်းနိုင်ပါကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အသိပေးဖော်ပြထားသည်။


MDN