ဓနုဖြူမြို့ အာယုဒါနကျန်းမာရေး စောင့်ရှောက်မှုအသင်းမှ ရောဂါမျိုးစုံ အခမဲ့ကုသပေးခြင်း ဆောင်ရွက်မည်

ဓနုဖြူ   ၁၆   ဇန်နဝါရီ 


ဓနုဖြူမြို့ အာယုဒါန ကျန်းမာရေး စောင့်ရှောက်မှု အသင်း၏ ပင့်ဖိတ်ချက်အရ မြန်မာနိုင်ငံ ဆရာဝန်အသင်း (ရန်ကုန်တိုင်းဒေသကြီး) အမျိုးသမီးဆရာဝန်အဖွဲ့မှ အထူးကုဆရာဝန်ကြီးများမှ အထွေထွေရောဂါ အထူးကု ဆရာဝန်ကြီးများ၊ သမားတော်ကြီးများ၊ ကလေးအထူးကုဆရာဝန်ကြီးများ၊ သားဖွားမီးယပ် ဆရာဝန်ကြီးများ၊ အရိုးအကြော အထူးကုဆရာဝန်ကြီးများ၊ အရေပြားအထူးကုဆရာဝန်ကြီး၊ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဆရာဝန်ကြီး၊ သွားအထူးကု ဆရာဝန်ကြီး၊ အရိုးအကြော ပြန်လည်သန်စွမ်းရေး အထူးကုဆရာဝန်ကြီး၊ မေ့ဆေး အထူးကုဆရာဝန်ကြီးတို့မှ ဇန်နဝါရီ ၂၀ ရက် နံနက် ၇ နာရီမှ ညနေ ၃ နာရီအထိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ရောဂါမျိုးစုံ အခမဲ့စမ်းသပ်ကုသပေးမည်ဖြစ်ပြီး လိုအပ်ပါက တစ်ပါတည်း ခွဲစိတ်ကုသပေးမည်ဖြစ်ကြောင်း သိရသည်။


အောင်သူဟိဏ်း(ဓနုဖြူ)