ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်လှစ်မည်

နေပြည်တော် ၂၁  ဇန်နဝါရီ 

 

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့ ပူးပေါင်း၍ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို နေပြည်တော်ရှိ ရုံးအမှတ်(၁၄) တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၌ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။

 

အဆိုပါ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၂၂ ရက် နံနက် ၉ နာရီခွဲတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသွား မည်ဖြစ်ကြောင်းသိရသည်။ 

 

မောင်မောင်မျိုး