ဒုတိယအကြိမ် မသန်စွမ်းသူများ အားကစားပွဲ ထားဝယ်မြို့  ၌ကျင်းပ

ထားဝယ် ၁၂ ဇန်နဝါရီ 

 

ဒုတိယအကြိမ် မသန်စွမ်းသူများ အားကစားပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ၊မြို့တော်ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နီနီရွှေက အဖွင့်အမှာစကား ပြောကြားရာ၌ ယခုလို အားကစားပြုလုပ်ပေးခြင်းသည် သူနိုင်၊ ကိုယ်နိုင်ဆိုသော အချက်များပေါ် အခြေခံပြီးပြုလုပ်တာ မဟုတ်ကြောင်း၊ မသန်စွမ်းကလေးနှင့် သန်စွမ်းကလေးများ ပူးပေါင်းကစားခြင်းအားဖြင့် ရင်းနှီးမှုကို ပိုတိုးစေကြောင်း၊ အတူတူယှဉ်တွဲကစားခြင်းအားဖြင့် အချင်းချင်းပို၍နားလည်လာကာ အချင်းချင်းရိုင်းပင်းလာမည်ဖြစ်ပြီး လူတိုင်းအကျုံးဝင် သော လူမှုအသိုက်အဝန်းတစ်ရပ် တည်ဆောက်နိုင်လာမှာဖြစ်ကြောင်း၊ ယခုကဲ့သိ်ု ့မသန်စွမ်းသူများနှင့်သန်စွမ်းသူများ၊ အတူတကွ ကစားစေခြင်းမှ ရပ်ရွာပြည်သူများသည် ရပ်ရွာအတွင်းတွင် မသန်စွမ်းသူများ မည်ကဲ့သို့ အကျုံးဝင် ပါဝင်မှုရှိသည်ကို တွေ့မြင်နိုင်မည်ဖြစ်ပြီး မသန်စွမ်းသူများကိုမည်ကဲ့သို့ ပြောဆိုဆက်သွယ်ရမည်များကို လူတိုင်းနားလည် သိရှိလာစေမည်ဖြစ်ကြောင်း၊ ဧဒင်မသန်စွမ်းသက်ငယ်များ ပြုစုရာရိပ်မြုံအဖွဲ့အနေနှင့်ယခုလို အစီအစဉ်များကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

ထိုနောက် ဧဒင်မသန်စွမ်း သက်ငယ်များ ပြုစုရာရိပ်မြုံအဖွဲ့မှ နော်ဟဲကလေးက မသန်စွမ်းကလေးများ အားကစားပွဲ ပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် ပြုလုပ်မည့်ပုံစံများကို ရှင်းလင်းပြောကြားပြီး မသန်စွမ်းကလေးနှင့် သန်စွမ်းကလေးများက ဘောလုံးလက်ဆင့်ကမ်းကစားခြင်း၊ ဘောလုံးခြင်းထဲပစ်ကစားခြင်း၊ ထိုင်လျှက်ဘောလီဘောကစားခြင်းပါဝင်သော စသည့် အားကစားနည်းများစွာကို ပျှော်ရွှင်စွာဖြင့် ယှဉ်ပြိုင်ကစားကြသည်။

 

ဆက်လက်၍ ဧဒင်မသန်စွမ်းသက်ငယ်များပြုစုရာ ရိပ်မြုံအဖွဲ့မှ တာဝန်ရှိသူများက အားကစားနည်များကို လက်တွေ့ဘဝနှင့် ပြန်လည်ချိတ်ဆက်ရခြင်းအကြောင်း ရှင်းလင်းပြောကြားပြီး မသန်စွမ်းကလေးများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ ဧဒင်မသန်စွမ်းသက်ငယ်များ ပြုစုရာရိပ်မြုံအဖွဲ့မှ နော်ဟဲကလေးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း ခရိုင်ပြန်/ဆက်မှ သတင်းရရှိသည်။

 

MDN

 

DSC05