ဂျာမနီတွင် လေဆိပ်ဝန်ထမ်းများ၏ သပိတ်ကြောင့် လေကြောင်းခရီးစဉ် ရာနှင့်ချီ ဖျက်သိမ်းခဲ့ရ

ဘာလင် ၁၅  ဇန်နဝါရီ

ဂျာမနီနိုင်ငံတွင် လေဆိပ်လုံခြုံရေး လုပ်သားများ၏ လစာတိုးမြှင့်ရရှိရေး သပိတ်မှောက်လှုပ်ရှားမှုများ ပိုမိုနက်ရှိုင်းလာပြီး ၎င်းဝန်ထမ်းများ၏ အလုပ်ခွင်မှ ထွက်ခွာမှုများကြောင့် ဂျာမနီနိုင်ငံ၏ လေကြောင်းသယ်ယူ ပို့ဆောင်ရေးတွင် အလုပ်အများဆုံး ဖြစ်သည့် ဖရန့်ဖက်လေဆိပ် အပါအဝင် လေဆိပ်ရှစ်ခု၌ ဇန်နဝါရီ ၁၅ ရက်တွင် လေကြောင်းခရီးစဉ် ရာနှင့်ချီကာ ဖျက်သိမ်းခဲ့ရကြောင်း အေအက်ဖ်ပီ သတင်းတွင် ဖော်ပြသည်။

လေဆိပ်လုံခြုံရေးဝန်ထမ်းများ သပိတ်သည် ဇန်နဝါရီ ၁၅ ရက်နံနက် ၂ နာရီမှ ည ၈ နာရီထိ ကြာမြင့်ခဲ့ပြီး ဖရန့်ဖက်၊ မြူးနစ်၊ ဟန်နိုဗာ၊ ဘရီမင်၊ ဟမ်းဘာ့ဂ်၊ လိုက်ပဇစ်၊ ဒရက်စ်ဒင်နှင့် အာဖွတ်လေဆိပ်များ၌ သပိတ်မှောက်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း ဂျာမနီနိုင်ငံ၏ သြဇာကြီးမားသော ဗာဒီအလုပ်သမား အစည်းအရုံးက ပြောကြားသည်။ ယင်းလေဆိပ် လုံခြုံရေးဝန်ထမ်းများ သပိတ်ကြောင့် ခရီးသည် ၂၂၀ဝ၀ တို့၏ လေကြောင်းခရီးစဉ်များမှာ ဖျက်သိမ်း သို့မဟုတ် ရွှေ့ဆိုင်းမှုများ ဖြစ်ပေါ်ခဲ့သည်ဟု လေဆိပ်များ ဆိုင်ရာ အစည်းအရုံး (အေဒီဗွီ) ကပြောကြားသည်။

အေအက်ဖ်ပီ