ဟိန္ဒူဘုရားကျောင်းအတွင်း အမျိုးသမီးတွေ ဝင်ခွင့်ပြုပြီးနောက် ပဋိပက္ခဖြစ်ပွားတဲ့အတွက် တစ်ဦးသေဆုံး ၁၅ ဒဏ်ရာရရှိ

၃ ဇန်နဝါရီ

 

အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာ ပြည်နယ်ရှိ ဆာဘာရီမာလာ ဟိန္ဒူဘုရားကျောင်းအတွင်း အမျိုးသမီးများ ဝင်ရောက်ခွင့်ကို တရားရုံးချုပ်က ပြီးခဲ့တဲ့ စက်တင်ဘာက ခွင့်ပြုပေးခဲ့ပါတယ်။ 

 

အဲဒီဘုရားကျောင်းထဲကို အမျိုးသမီးရေးလှုပ်ရှားသူ အမျိုးသမီးနှစ်ဦးက ရဲတွေကို အစောင့်အရှောက်အဖြစ် လိုက်ပါစေပြီး ဇန်နဝါရီ ၂ ရက်နေ့က ပထမဦးဆုံးအကြိမ်အဖြစ် ဝင်ရောက်ခဲ့ပါတယ်။ 

mdn

ဆာဘာရီမာလာ ဟိန္ဒူဘုရားကျောင်းမှာ အသက် ၁၀ နှစ် မှ ၅၀ အတွင်း အမျိုးသမီးများကို ဆယ်စုနှစ်ချီပြီး ဝင်ခွင့် ပိတ်ပင်ခဲ့ထားပါတယ်။

 

တရားရုံးချုပ်ကနေ ဝင်ခွင့်ပြုပြီးနောက် အမျိုးသမီးတွေက ဘုရားကျောင်းကို ဝင်ရောက်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် ရှေးရိုးစွဲ အမျိုးသားနှင့် အမျိုးသမီးတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်နေတဲ့အတွက် မအောင်မြင်ခဲ့တာကို တွေ့ရပါတယ်။  

mdn

ဒေသတွင်း သတင်းဌာနတွေရဲ့အဆိုရ ဝန်ကြီးချုပ် မိုဒီ ရဲ့ BJP ပါတီဝင် ဆန္ဒပြသူတစ်ဦးကို ကျောက်ခဲနှင့် အထုခံရခဲ့ရတဲ့အတွက် ဒဏ်ရာအပြင်းအထန် ရရှိပြီး ဇန်နဝါရီ ၂ နေ့ညပိုင်းက သေဆုံးခဲ့ကြောင်း သိရပါတယ်။ ကီရာလာပြည်နယ်မှာ ဒီကနေ့ ဇန်နဝါရီ ၃ရက်နေ့အထိ အခြေအနေက တင်းမာနေပြီး ရဲနှင့် နောက်တိုးလုံခြုံရေးအင်အား တိုးချဲ့ချထားပြီး ပဋိပက္ခတွေ ထပ်မံမဖြစ်အောင် ထိန်းသိမ်းနေတာကို တွေ့ရပါတယ်။ 

 

အိန္ဒိယနိုင်ငံတွင်းရှိ ဟိန္ဒူဘုရားရှိခိုးကျောင်း ၅ ကျောင်းလောက်ဟာ အမျိုးသမီးတွေ ဝင်ရောက်ခွင့်ကို ပိတ်ပင်ထားဆဲဖြစ်ပါတယ်။ 

 

MDN
ကိုးကား-AFP

 

mdn