ဟိုပုံး၊ ဆီဆိုင်နှင့် ပင်လောင်းမြို့နယ်တို့၌ ဘိန်းခင်းများ ဖျက်ဆီး

နေပြည်တော်   ၂၁  ဇန်နဝါရီ 

 

ဟိုပုံးမြို့နယ်၊ ဖက်ရမ်းကြီးကျေးရွာတောင်ဘက် ၁ မိုင်ခန့် အကွာ၌ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မင်းဟန် ဦးစီးပူးပေါင်းအဖွဲ့သည် အမြင့် ၃ ပေခန့်ရှိ ဘိန်းစိုက်ခင်း(၂၈)ဧကခန့်အား ဇန်နဝါရီ ၂၀ ရက်တွင် ဖျက်ဆီးရှင်းလင်းခဲ့ကြောင်းသိရှိရသည်။

 

အလားတူ ဆီဆိုင်မြို့နယ်၊ လွယ်ဆောင်ကျေးရွာအနီး၌ ဘိန်းစိုက်ခင်း(၁၀)ဧကခန့်နှင့် ပင်လောင်းမြို့နယ်၊ လွယ်အယ်ကျေးရွာ၌ ဘိန်းစိုက်ခင်း(၁၀)ဧကခန့်တို့အား ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရသည်။

 

(ရဲပြန်ကြား)