ဟိုပုံးနှင့် ဆီဆိုင်မြို့နယ်တို့၌ ဘိန်းခင်းများအားဖျက်ဆီး

နေပြည်တော် ၁၁ ဇန်နဝါရီ

ဟိုပုံးမြို့နယ် ဒုံမောက္ကန်လန်ကျေးရွာတောင်ဘက် ၂ မိုင်ခန့်အကွာ၌ ဟိုပုံးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မင်းဟန် ဦးစီးပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၀ ရက်တွင် အမြင့် ၁ ပေ ခန့်ရှိ ဘိန်းစိုက်ခင်း ၂၆ ဧကခန့်အား လည်းကောင်း၊ ဆီဆိုင်မြို့နယ်၊ ထမ့်ယန်း ကျေးရွာအရှေ့ဘက် ၂ မိုင်ခန့် အကွာ၌ ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သီဟန် ဦးစီး ပူးပေါင်းအဖွဲ့သည် အမြင့် ၂ ပေခွဲ ခန့်ရှိ ဘိန်းစိုက်ခင်း ၁၄ ဧကခန့်အားလည်းကောင်း ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း ရဲပြန်ကြားမှ သိရသည်။

MDN