ဝါရှင်တန် ၂၉ မေ
အကောင်းဆုံး တေးအယ်လ်ဘမ်ပေါင်း ၂၀၀ ကိုသာ ရွေးချယ်ဖော်ပြလေ့ရှိသည့် US Billboard ဇယားထိပ်တွင် တောင်ကိုရီးယားအမျိုးသားအဆိုတော် အဖွဲ့(BTS) နေရာယူလာသည့်အတွက် ဇယားထိပ်သို့ ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိလာသော ကေပေါ့အနုပညာရှင်များအဖြစ် မှတ်တမ်းဝင်သွားခဲ့ကြောင်း သိရသည်။