ကျောက်မဲမြို့တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် လူထုတွေ့ဆုံပွဲ အခမ်းအနားကျင်းပ

ကျောက်မဲ ၁၂ ဇန်နဝါရီ


ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ မြို့ကျက်သရေဆောင်ခန်းမတွင် ဇန်နဝါရီ ၁၂ ရက် နံနက် ၉ နာရီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်၊ ကျောက်မဲမြို့နယ် အမှတ် (၁) မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်း၊ ကျောက်မဲမြို့နယ်  အမှတ်(၂) မဲဆန္ဒနယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်တို့ ဦးစီး၍ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ပြည်သူလူထုများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

 

mdn

 

အခမ်းအနားတွင် လွှတ်တော်ကိုယ်စာများမှ လွှတ်တော်အတွင်း ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြခဲ့ကြပြီး  တက်ရောက်လာသော ပြည်သူများက  သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ  သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်နိုင်က နိဂုံးချုပ် အမှာစကား ပြောကြားပြီး အခမ်းအနားကို ၁၂ နာရီခွဲ အချိန်တွင် ရုတ်သိမ်းခဲ့သည်။

 

mdn

 

အခမ်းအနားသို့ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊  ပြည်သူများ စုစုပေါင်း ၄၀ဝ ကျော် တက်ရောက်ခဲ့ကြောင်း ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရှိရသည်။    


MDN

 

mdn