ချီယေဗို ကို ဂိုးပြတ်အနိုင်ရရှိပြီး စီးရီးအေ နိုင်ပွဲဆက်နေခဲ့သည့် ဂျူဗင်တပ်

၂၂ ဇန်နဝါရီ


စီးရီးအေ ပွဲစဉ်(၂၀) လက်ကျန်ပွဲစဉ်အဖြစ် ဂျူဗင်တပ်အသင်းနှင့် ချီယေဗိုအသင်းတို့ အင်္ဂါနေ့ နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြရာ ဂျူဗင်တပ်အသင်းက သုံးဂိုး ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။ 


စီးရီးအေမှာ ရှုံးပွဲမရှိသေးသည့် ဂျူဗင်တပ်အသင်းမှာ ယခုပွဲစဉ်မှာလည်း ချီယေဗိုအသင်းကို အကောင်းဆုံး ပုံစံဖြင့် ယှဉ်ပြိုင်ကစားခဲ့ပြီး နိုင်ပွဲထပ်မံရယူနိုင်ခဲ့သည်။ ဂျူဗင်တပ်အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၁၃ မိနစ်တွင် ဒေါက်ဂလက်ကော်စတာ၊ ၄၅ မိနစ်တွင် အင်မရေချန်နှင့်  ၈၄ မိနစ်တွင် ရူဂါနီတို့က သွင်းယူခဲ့သည်။ 


ပွဲချိန် ၅၃ မိနစ်တွင် ဂျူဗင်တပ်အသင်း ပင်နယ်တီရရှိခဲ့သော်လည်း တိုက်စစ်မှူး စီရော်နယ်ဒို ကန်သွင်းရာမှ လွဲချော်ခဲ့သည်။  


ဂျူဗင်တပ်အသင်းမှာ စီးရီးအေ ပွဲစဉ် (၂၀) ယှဉ်ပြိုင်ကစားပြီးသည်အထိ ရှုံးပွဲမတွေ့သေးဘဲ ရမှတ် (၅၆)မှတ်ဖြင့် ဒုတိယနေရာမှာ နာပိုလီအသင်းနှင့် ကိုးမှတ်အသာဖြင့် အဆင့် (၁)နေရာတွင် ဆက်လက်ရပ်တည်နေခဲ့သည်။


MDN