ချန်လုံ အလှမောင်/မယ်များ ဖိလစ်ပိုင်နှင့် အီဂျစ်နိုင်ငံသို့ သွားရောက်ယှဉ်ပြိုင်မည်

ချန်လုံ(Chan Lone Beauty)မှ မွေးထုတ်ပေး လိုက်သော အလှမောင် နှစ်ဦးနှင့် အလှမယ် လေးဦး တို့အား ဖိလစ်ပိုင်နိုင်ငံနှင့် အီဂျစ်နိုင်ငံများတွင် ကျင်းပမည့် Miss & Mister International 2019   ပြိုင်ပွဲများသို့ စေလွှတ်၍ ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း သိရသည်။

ကျွန်တော်တို့ဆီက သွားရောက်ယှဉ်ပြိုင်ပြီဆိုရင် ကိုယ့်ရဲ့နာမည်နဲ့ နိုင်ငံကို ခေါင်းစဉ်တပ်ပြီးတော့ သွားပြိုင်ရတဲ့အခါမှာ ဂုဏ်သိက္ခာရှိရှိနဲ့ ဖြစ်စေချင်တယ်၊ အဲဒါကြောင့် ၂၀၁၈ မှာ ကျွန်တော်တို့က Miss တွေ၊ Mister  တွေကို ပြိုင်ပွဲပြုလုပ်ပေးခဲ့ပါတယ်၊ အဆင့်ဆင့် ရွေးချယ်ကျော်ဖြတ်လာပြီးတော့မှ Winner  တွေကို မွေးထုတ်ပေးခဲ့တာဖြစ်ပါတယ်၊ ဒီနှစ်ဆိုရင် ကျွန်တော်တို့ International  အနေနဲ့ အီဂျစ်နိုင်ငံက Miss Eco International Egypt  ပြိုင်ပွဲကို Miss Eco Myanmar  ပန်းနုနုထွေးက မတ်လမှာ သွားရောက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်၊ ဖိလစ်ပိုင်နိုင်ငံကိုလည်း Miss Glamour Look Myanmar ပန်ဒိုရာက ဖေဖော်ဝါရီ လထဲမှာ သွားရောက်ယှဉ်ပြိုင်မှာပါ၊ Miss တွေ၊ Mister  တွေကို သူတို့ပြိုင်ရမယ့် နိုင်ငံအသီးသီးကို သွားရောက်ယှဉ်ပြိုင်ရာမှာ အားပေးကြဖို့ ဒီနေရာကနေ မြန်မာနိုင်ငံမှာရှိတဲ့ ပရိသတ်တွေထံကို အခုလို အပ်နှံပေးတာဖြစ်ပါတယ်ဟု ပြိုင်ပွဲသို့သွား ရောက်မည့် Miss & Mister  များ မိတ်ဆက်ပွဲတွင် Chan Lone Beauty မှ ကိုချန်လုံက ပြောသည်။

အဆိုပါမိတ်ဆက်ပွဲတွင် ဖိလစ်ပိုင်နိုင်ငံနှင့် အီဂျစ် နိုင်ငံများသို့ မြန်မာနိုင်ငံကိုယ်စားပြုပြီး သွားရောက် ယှဉ်ပြိုင်မည့်သူများဖြစ်သည့် Miss Eco Myanmar ၂၀၁၉ ပိုင်သူသူသွေး၊ Miss Glamour Look International 2019   များဖြစ်ကြသော နန်းမိုးမိုးလေးနှင့် ထူးနံ့သာဝင်း၊ Mister Universe Model 2019 ဟန်ကျော်ဇောနှင့် Mister Glam International 2019 နေမင်းတိမ်ယံတို့အား မီဒီယာများနှင့် မိတ်ဆက် ပေးခဲ့သည်။

ကိုလင်း