ခရမ်းမြို့နယ် ညောင်ပင်သာကျေးရွာတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု မော်တာအပ်ချုပ်စက်သင်တန်းဆင်း

ခရမ်း ၁၃ ဇန်နဝါရီ

 

ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ်၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်ခဲ့သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု မော်တာအပ်ချူပ်စက် သင်တန်းဆင်းပွဲကို ညောင်ပင်သာကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဇန်နဝါရီ ၁၃ ရက် နံနက် ၁၁ နာရီက ကျင်းပခဲ့ကြောင်း သိရှိရသည်။

 

အခမ်းအနားတွင် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်လတ်က သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဆန်းထွန်း၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစတင်မျိုးလွင်တို့က အမှာစကားများ ပြောကြားခဲ့သည်။ 

 

ထို့နောက် ဦးသိန်းဇော်လတ်နှင့် တာဝန်ရှိသူများက သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်နှင့် ထူးချွန်သူများကို ဆုများချီးမြှင့်ခဲ့ပြီး သင်တန်းသို့ သင်တန်းသူ ၃၀ ဦး တက်ရောက်ခဲ့ကာ သင်တန်းကာလမှာ ၄၅ ရက် ကြာမြင့်ခဲ့ကြောင်း သိရှိရသည်။

 

ကျော်ဆန်း