ကြီးမားသော မျက်နှာပြင် ၊ ကြီးမားသော ဘက်ထရီ Realme C1

Realme C1 ဟာဆိုရင် ပြည်တွင်းမှာ ဒီဇင်ဘာ ၂၇ ရက်က စတင် မိတ်ဆက်ခဲ့တာပဲ ဖြစ်ပါတယ်။ ၎င်းဟာဆိုရင်  6.2 inches မျက်နှာပြင် အပြည့်ပါတဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။

Realme C1 စမတ်ဖုန်းတွင် အရည်အသွေးမြင့်  5MP Selfie ကင်မရာတစ်ခု၊ 13MP + 2MP ရှိ နောက်dualကင်မရာ (ကျောဘက်) တစ်ခုပါဝင်ပါတယ်။ Processor အားဖြင့် Qualcomm Snapdragon 450 Octa-core 1.8Ghz ကို အသုံးပြုထားတဲ့အတွက် လျင်မြန်သွက်လက်သော မျက်နှာပြင်ထိတွေ့မှုကိုလည်း ခံစားရစေမှာ ဖြစ်ပါတယ် ။

Resolution အနေဖြင့်  HD+ (1520*720) အပြည့်အ၀ ရရှိမှာ ဖြစ်ပြီး ပုံရိပ်များကို အထူးကြည်လင်ပြတ်သားစွာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ် ။

 Andrioid ဗားရှင်း 8.1 ကို အခြေခံထားပြီး internal Memory 16GB ပါရှိကာ Memory ကတ် ထည့်သွင်း အသုံးပြုမယ်ဆိုရင် 256GB ထိ အများဆုံး အသုံးပြုနိုင်မှာ ဖြစ်ပါတယ် ။ RAM ပါဝင်မှုကတော့  2GB RAM + 16GB ROM ကို အသုံးပြုနိုင်ပါတယ်။ ဘက်ထရီအား 4230 mAh ပါဝင်လို့ တစ်နေ့တာ ကြာရှည် အသုံးပြုနိုင်ပါတယ်။ အရောင်အားဖြင့် Navy Blue နှင့် Mirror Black နှစ်ရောင် ထွက်ရှိထားပြီး ဈေးနှုန်းကတော့ ၁၅၉,၉၀၀ ကျပ်ဖြစ်ပါတယ်။