ကျိုင်းတုံ၌ စားသုံးသူ အကာကွယ်ပေးရေး ဥပဒေနှင့် ညီညွတ်မှုမရှိသည့် ကုန်စည်များအားမီးရှို့ဖျက်ဆီး

ကျိုင်းတုံ ၂၁ ဇန်နဝါရီ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ မီးရထားဘူတာဟောင်းအနီး၌ ယနေ့ မွန်းလွဲပိုင်းက ကျိုင်းတုံခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်များအရ ၂၀၁၈ ခုနှစ် နိုဝင်ဘာ (၁၁)ရက်နေ့မှ ၂၀၁၉ခုနှစ် ဇန်နဝါရီ ၂၁ ရက်အတွင်း စားသုံးသူအကာကွယ်ပေးရေး ဥပဒေပုဒ်မ-၁၉(င)နှင့် (စ) အရ သိမ်းဆည်းအရေးယူ ဆောင်ရွက်ခဲ့သည့် ပစ္စည်းများ (ကာလတန်ဖိုးကျပ် ခြောက်သိန်းသုံးသောင်းခုနှစ်ထောင်ခုနှစ်ရာ) အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

 

MDN