ကလေးစာပေပွဲတော်(မြစ်ကြီးနား) မှ လွင့်ပျံလာသည့် စကားသံများ

မြစ်ကြီးနား ၂၀ ဇန်နဝါရီ 


ကလေးစာပေပွဲတော်(မြစ်ကြီးနား)ကို ဇန်နဝါရီ ၂၀ ရက်မှ ၂၂ ရက်အထိ မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါပွဲတော်နှင့် စပ်လျဉ်း၍ ပြောကြားခဲ့သည့် စကားသံများကို စုစည်းဖော်ပြအပ်ပါသည်။

 

ဦးမျိုးမြင့်ကျော်စွာ (ဦးစီးအရာရှိ)

 

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးဌာန

 

ကလေးစာပေပွဲတော်မှာ ပါဝင်တဲ့ ကစားနည်းတွေက ကလေးတွေ အများစု ကြိုက်ကြတဲ့ ကစားနည်းတွေပါ။  ၁၀ မျိုးလောက်ပါဝင်ပါတယ်။ တစ်ပွဲပြီး တစ်ပွဲ၊ တစ်မျိုးပြီးတစ်မျိုး ကလေးတွေ မရိုးအောင်၊ စိတ်ဝင်စားအောင် ကစားနည်းတွေကို ကျင်းပပေးပါတယ်။ ဒီလိုကစားနည်းတွေထဲမှာ ကလေးတွေ အဖွဲ့လိုက် စုပေါင်း လုပ်တတ်အောင်၊ အစုအဖွဲ့နဲ့ ဆောင်ရွက်တတ်တဲ့ အလေ့ အကျင့်ရအောင် ကစားစေတဲ့ ကစားနည်းတွေလည်း ပါပါတယ်။ ကလေးတွေကလည်း ပျော်ပျော်ရွှင်ရွှင် ပါဝင်ကစားကြတယ်။

 

ဒီလိုကလေးစာပေပွဲတော်မှာ ကလေးတွေအတွက် ပြိုင်ပွဲလေးတွေ ထည့်သွင်းကျင်းပရာမှာ ဆရာ၊ဆရာမတွေ အကြံပြုတာ၊ ကလေးတွေ အကြံပြုတာတွေကို ထည့်သွင်းပါတယ်။ ကလေး စာပေပွဲတော် ပထမအကြိမ် ကျင်းပတုန်းကဆို ကစားနည်း ၅ နည်းလောက်ပဲရှိတယ်။ ဒီနောက် ပိုင်းမှာ တစ်ပွဲပြီး တစ်ပွဲ အားကစားနည်းတွေ တိုးလာပါတယ်။ ဒေသအလိုက်ကစားတဲ့ ကစားနည်းတွေကိုလည်း ထပ်ပြီးထည့်သွင်းတဲ့အတွက် ကစားနည်းတွေလည်း များလာပါပြီ။ 

 

2 ေမာင္ေ

 

မောင်ရမ်နော်ခန်ဆာရ်း

 

ကျောင်းသား၊ အ.လ.က လေ့ကျင့်ရေးကျောင်း

 

ကျွန်တော်အတွက် အဖေက စာအုပ်တွေ အများကြီးဝယ်ခဲ့ပါတယ်။ ပတ်ဝန်းကျင် ဗဟု သုတတွေလည်း အများကြီးရတယ်။ အသိပညာပေးပြခန်းတွေကနေ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းနဲ့ လူကုန်ကူးမှု အကြောင်းတွေ  သိခဲ့ရတော့ အသိပညာတွေ အများကြီး ရခဲ့ပါတယ်။ နောင်နှစ်တွေမှာလည်း လာချင်ပါတယ်။ ကျွန်တော်က ကလေးစာပေပွဲတော် အားကစားပြိုင်ပွဲ တွေမှာ ကလေးတွေအတွက် သံပုံးရိုက်ပြိုင်ပွဲပါစေချင်တယ်။ ကျွန်တော်တို့ သူငယ်ချင်းတွေက အဲဒီကစားနည်းကို ကြိုက်ကြတယ်။

 

3 ဦးရမ္ေနာ္ဒီး.

 

ဦးရမ်နော်ဒီး 

 

ကျောင်းသားမိဘ

 

အခုလိုကလေးစာပေပွဲတော်မျိုးတွေ လုပ်ပေးတာ တော်တော်ကောင်းပါတယ်။ တိုင်းပြည် တိုးတက် ပြောင်းလဲတာနဲ့အမျှ ကလေးတွေအတွက် အဖက်ဖက်မှာ စာပေဗဟုသုတ ၊ အသိဉာဏ် ဗဟုသုတတွေ ရအောင်လုပ်ပေးတဲ့အတွက် နိ်ုင်ငံတော်ကို ကျေးဇူးတင်ပါတယ်။ ကလေးစာပေ ပွဲတော်မှာ လာတဲ့အခါမှာ ကလေးစာပေပွဲတော်ဆိုပေမယ့် ကဏ္ဍအစုံတွေ့ရပါတယ်။ ကျန်းမာ ရေးနဲ့ ပတ်သက်တာတွေ၊ ပညာရေးနဲ့ ပတ်သက်တာ၊ အသိပညာပေးတာ အစုံတွေ့ရတဲ့အတွက် ကလေးတွေကို အဖက်ဖက်က ဗဟုသုတတွေ ရရှိစေပါတယ်။  အများကြီး အကျိုးရှိပါတယ်။ ကလေးတင်မဟုတ်ဘူး၊ လူကြီးတွေအတွက်လည်း အများကြီး အကျိုးရှိပါတယ်။ 

 

4 L ခွန်နန်းမွန်

 

L ခွန်နန်းမွန်း(ဒု-ကျောင်းအုပ်)

 

GREEN HILLS ACADEMY ကိုယ်ပိုင်မူလတန်းကျောင်း

 

ကလေးတွေဟာ ပတ်ဝန်းကျင်ကနေ အများကြီးသင်ယူပါတယ်။ ဒါကြောင့် ဒီလိုကလေး စာပေပွဲတော် လုပ်ခြင်းအားဖြင့် ကလေးတွေဟာ ထိတွေ့လို့ မရပေမယ့် အများကြီး သင်ယူရ ရှိမှာပါ။ ဒီလိုကလေးစာပေပွဲတော်တွေလို ပွဲတော်မျိုးတွေ ကလေးတွေအတွက် လိုအပ်ပါတယ်။ ကျွန်မအမြင်ကတော့ ကလေးစာပေပွဲတော်တွေ နှစ်တိုင်းလုပ်နိုင်ရင် ကောင်းတယ်လို့ ထင်ပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ခုနက ကျွန်မပြောသလို ဒီကနေ ကလေးတွေ သင်ယူသွားတာကို ကျွန်မတို့ မမြင်ရပေမယ့် အကျိုးကျေးဇူးအားဖြင့်တော့ အများကြီးရှိပါတယ်။ အတွေ့အကြုံ တွေရတယ်၊  အချင်းချင်း ခင်မင်ရင်းနှီးမှုရတယ်၊ ကျောင်းအချင်းချင်း တစ်ခါတည်းစုပြီးတော့ တွေ့ရတယ်။ ဒါတွေက သူတို့အတွက် အင်မတန်ကောင်းတဲ့ လူမှုဘဝတည်ဆောက်မှုထဲမှာ ပါတဲ့ အရာတွေလို့ ထင်ပါတယ်။

 

5 မနုနုအောင်

 

မနုနုအောင် 

 

သတ္တမတန်း၊ ILBC 

 

ပထမဆုံးအကြိမ် လုပ်တာဖြစ်တော့ လေ့လာစရာများတယ်။ အသိပညာပေး ပြခန်းတွေ အများကြီးပါတော့ အများကြီးလေ့လာရပါတယ်။ ပြခန်းတွေကလည်း တစ်ခုနဲ့ တစ်ခုမတူတဲ့ အတွက် ဗဟုသုတအများကြီးရပါတယ်။ မနက်ဖြန်လည်း ထပ်လာပြီး လေ့လာဦးမှာပါ။ 

 

6 ဒေါ်ချိုချိုအေး

 

ဒေါ်ချိုချိုအေး 

 

ကျောင်းသားမိဘ၊ ဝိုင်းမော်မြို့

 

ဒီပွဲတော်ကြီးကို လာရတာ အရမ်းကိုကြည်နူးမိတယ်။ ကလေးတွေအတွက် လေ့လာစရာ စာအုပ်တွေလည်း ပေါတယ်။ ကလေးတွေတင် မဟုတ်ပါဘူး။ လူကြီးတွေအတွက်လည်း ဖတ်စရာ၊ လေ့လာစရာ စာအုပ်တွေ အများကြီးပါ။ လေ့လာစရာတွေ များတော့ အများကြီး ဗဟုသုတ ရတာပေါ့။ ကလေးမိဘတစ်ယောက်အနေနဲ့ ကြည်နူးမိတယ်။ သူတို့ ငယ်ဘဝအတွက် အမှတ်တရ လည်း ဖြစ်ပါတယ်။ ဒါကြောင့် ကလေးစာပေပွဲတော်တွေကို တစ်ခါလုပ်ပြီး ပြီးသွား တာမျိုး မဟုတ်ဘဲ နောက်နှစ်တွေမှာလည်း ကျင်းပစေချင်တယ်။ တကယ်ဆို ပွဲတော်ကျင်းပတဲ့ သုံးရက်စ လုံး နေ့တိုင်းပို့သင့်ပါတယ်။ ဒါပေမယ့် မနက်ဖြန်ဆို ကျောင်းဖွင့်မှာ ဖြစ်တဲ့အတွက် ကြောင့်မို့ ဒီနေ့ တစ်ရက်တည်းလာရတာပါ။ ဒီနေ့တစ်ရက်တည်း လာရပေမယ့် ဒီပွဲတော်ကနေ ဗဟုသုတ အများကြီးရခဲ့တဲ့အတွက် ကျေနပ်ပါတယ်။ 

 

7 မဂျာဆိုင်းအောင်.

 

မဂျာဆိုင်းအောင် 

 

ကျောင်းသား၊ အထက-၉

 

ကလေးစာပေပွဲတော်ကို သူငယ်ချင်းတွေနဲ့လာပါတယ်။ စာပေနဲ့ ပန်းချီတွေကို လာရောက် လေ့လာ ဖြစ်ပါတယ်။ စာအုပ်တွေလည်းဝယ်ပါတယ်။ စက္ကူခေါက်ပြိုင်ပွဲလည်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ 

 

8 မသူဇာ

 

မသူဇာ 

 

ကျောင်းသူ၊ အ.ထ.က -၅

 

စာပေပွဲတော်ကို လာရောက်ခွင့်ရတာ ဝမ်းသာပါတယ်။ သူငယ်ချင်း ၈ ယောက်နဲ့ အတူတူ လာခဲ့တာပါ။ သူငယ်ချင်းတွေက ပြိုင်ပွဲတွေ ပါဝင်ပြီး ပြိုင်ကြတယ်။ ကျွန်မကတော့ ပြိုင်ပွဲတော့ မဝင်ပြိုင်ဖြစ်ဘူး။ ဖတ်စရာ စာအုပ်တွေက အများကြီးဆိုတော့ ကိုယ်ကြိုက်တာပဲ လိုက်ရှာဖတ် ဖြစ်တယ်။ ပထမဆုံး ကျင်းပတာမှာ လာရတာဖြစ်တဲ့အတွက် စိတ်လည်း လှုပ်ရှားတယ်။ ဒီကျ တော့လည်း ကျောင်းသူ ကျောင်းသူတွေ အများကြီးတွေ့ရတော့ ပျော်တယ်။

 

9 မောင်ဆွတ်ရိန်နော်

 

မောင်ဆွတ်ရိန်နော် 

 

ဒုတိယတန်း၊ အထက-၇

 

ကျွန်တော်က ဇကောရွက် ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ပါဝင်ယှဉ်ပြိုင်တဲ့အတွက် လက်ဆောင်ရခဲ့ပါတယ်။ ဒီလိုပါဝင်ယှဉ်ပြိုင်တိုင်း ပါဝင်ယှဉ်ပြိုင်တဲ့သူတွေကို လက်ဆောင်ပြန်ပေး ပါတယ်။  မနက်အစောကြီးကတည်းက အမေနဲ့ လာခဲ့တာပါ။ ပြိုင်ပွဲတွေလည်း အားလုံးကြည့်ပြီး ပြီ။ ပြခန်းတွေ၊ စာအုပ်အရောင်းဆိုင်တွေလည်း ကြည့်ပြီးပါပြီ။ အိမ်ကျရင် ကစားဖို့ နင်ဂျာ အရုပ်ဆက်တဲ့ အရုပ်တွေ ဝယ်ခဲ့ပါတယ်။ 

 

10 ဒေါ်ရွယ်အေ

 

ဒေါ်ရွယ်အောင် 

 

ကလေးမိဘ

 

မနက် ၇ နာရီကတည်းက လာခဲ့တာပါ။ ဒါပေမယ့် အဝင်ဝမှာ ဖွင့်ပွဲအခမ်းအနားမို့ လူကြပ်နေတာနဲ့ ပွဲတော်ဝင်ခွင့် စတစ်ကာ မရတာနဲ့ အကြာကြီး စောင့်ရသေးတယ်။ ဒါပေမယ့် သားကလည်း လာချင်တယ်။ ကျွန်မကလည်း မိဘအနေနဲ့ သားကို ဗဟုသုတရအောင် ပို့ပေး ချင်တယ်။ ကိုယ်တွေတုန်းက မကြုံခဲ့တော့ သားကို ကြုံစေချင်တယ်။ ဗဟုသုတတွေ ရစေချင် တယ်။ ပြိုင်ပွဲမှာ သားက လက်ဆောင်ရတော့ ပျော်နေတာ မြင်ရတော့ ကျေနပ်ပီတိဖြစ်မိတယ်။ 

 

11 ဒေါ်ဝါ၀ါအော

 

ဆရာမ ဒေါ်ဝါဝါအောင်

 

အထက(၃)၊ မြစ်ကြီးနား

 

ကလေးစာပေပွဲတော်က ကလေးတွေအတွက်ကတော့ အထောက်အကူ အများကြီး ရပါတယ်။ အခုဒီလိုမျိုး ကျင်းပတဲ့အခါ ကလေးတွေ ပြသထားတဲ့ ပြခန်းတွေကြည့်ရတယ်။ ပြီးတော့ ဗဟုသုတဖြစ်တဲ့ စာအုပ်တွေ ကလေးတွေ ဖတ်ခွင့်ရတယ်။ ဝယ်ယူခွင့်ရတယ်။ မြစ်ကြီးနားမှာ တချို့စာအုပ်တွေက မရဘူး။ ကလေးစာပေပွဲတော်မှာ စာအုပ်အရောင်းဆိုင်တွေ ပါတော့ စုံအောင် ဝယ်ယူခွင့်ရတယ်။ 

 

ပြီးတော့ ကလေးတွေက ကျောင်းပေါင်းစုံ ပါဝင်ကြတော့ ပျော်နေကြတယ်။ ရိုးရာအကတွေကို ကလေးတွေက ဖွင့်ပွဲမှာ ကရတော့ ပျော်နေကြတယ်။ ကျွန်မတို့ ကျောင်းကဆို အက လေးဖွဲ့လောက်ပါတယ်။ သူတို့လေးတွေ တက်တက်ကြွကြွ ရှိတဲ့အခါကျတော့ ဆရာမ တစ်ယောက်အနေနဲ့ ဝမ်းသာပီတိဖြစ်မိတယ်။ 

 

အောင်မင်းဟန်

 

ဓာတ်ပုံ-ထိန်နန်၊ သက်လွင်