ကလေးစာပေပွဲတော်(မြစ်ကြီးနား) နောက်ဆုံးနေ့Team Building Game ၌ စည်ကားလျက်ရှိ

မြစ်ကြီးနား ၂၂ ဇန်နဝါရီ        


ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်း၌ ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ကချင်ပြည်နယ် အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော်၊ ကလေးစာပေ ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲကို (၃) ရက်ကြာ ကျင်းပရာ ဇန်နဝါရီ ၂၂ ရက်နေ့၌ ကလေးသူငယ်များ စည်းစည်းလုံးလုံးနှင့် စုပေါင်းဆောင်ရွက်တတ်စေရန်နှင့် ကိုယ်ရည်ကိုယ်သွေး မြင့်မားစေရန်ရည်ရွယ်၍ Team Building Game ပျော်ပွဲရွှင်ပွဲများကို ကျင်းပပေးလျက်ရှိသည်။

123


ယင်းနောက် ၎င်းပွဲတော်တွင်  ဖျော်ဖြေရေးစင်မြင့်များ၊ ကဗျာရွတ်ဆို၊ စက္ကူခေါက်၊ ဆေးရောင်ခြယ်၊ ပန်းချီပြိုင်ပွဲများ၊ Story Telling၊  စကားရည်လု၊ စာပေဟောပြောပွဲ၊ စာပေစကားဝိုင်း၊ ကလေးစာပေမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ၊ ဂိမ်းကစားပွဲများ၊ အားကစားပြိုင်ပွဲများအတွက် မြေညှိခြင်းလုပ်ငန်းများ၊ အသိပညာပေးပြခန်းများ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကအလှများ၊ ရုပ်သေးနှင့် ဆင်အကများ ပြုလုပ်ကျင်းပ၍ ကလေးသူငယ်များနှင့်မိဘများ၊ ကျောင်းသား/သူများ၊ နိုင်ငံခြားဧည့်သည်များနှင့် အခြားဌာနဆိုင်ရာများက ဖျော်ဖြေရေးအစီအစဉ်များကို လာရောက် ကြည့်ရှုခဲ့ကြောင်း၊ စာအုပ်အရောင်းဆိုင်များတွင် အခန်းပေါင်း (၅၀) ကျော်ရှိ၍ ကြိတ်ကြိတ် တိုး လာရောက်ဝယ်ယူအားပေးလျက်ရှိပြီး ဌာနဆိုင်ရာအသီးသီးမှ အလှည့်ကျစတုဒီသာ ကျွေးမွေးရေး အစီအစဉ်များဖြင့်ကျွေးမွေးလျက်ရှိကြောင်း သိရှိရသည်။


ဇွဲသူရအောင် (ပြန်/ဆက်)