ကမ္ဘာ့ဘဏ် ဥက္ကဌ ရာထူးမှ နှုတ်ထွက်မည်

၈ ဇန်နဝါရီ

ကမ္ဘာ့ဘဏ် ဥက္ကဌ က ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ရာထူးမှ နှုတ်ထွက်မည် ဟု ပြောကြားခဲ့သည်။ ဂျင်ယောင်ကင် က ၂၀၂၂ ခုနှစ်တွင် ၎င်း၏ ဒုတိယ သက်တမ်းကုန်ဆုံးမည် ဖြစ်ပြီး ထိုသက်တမ်းမကုန်ဆုံးမီ ၃ နှစ်အလိုတွင် ကမ္ဘာ့ဘဏ်ဥက္ကဌ ရာထူးမှ နှုတ်ထွက်မည် ဟုယမန်နေ့က ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

ဖွံ့ဖြိုးဆဲနိုင်ငံများရှိ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု စိတ်ဝင်စားသည့် ကုမ္ပဏီတစ်ခုဖြင့် ပူးပေါင်းရန် အစီအစဉ်ရှိကြောင်း ကင် ကဆိုသည်။ အလုပ်အမှုဆောင်အကြီးအကဲ ကရစ်စတာလီနာ ဂျီအာဂီဗာ က ကင် ရာထူးမှ  နှုတ်ထွက်ပြီးနောက် ထိုရာထူးနေရာတွင် ယာယီ တာဝန် ထမ်းဆောင်မည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ငွေထုတ်ချေးသူများတွင် အမေရိကန် ပြည်ထောင်စုသည် ရှယ်ယာအများဆုံး ဖြစ်သဖြင့် အမေရိကန်၏ အကျိုးစီးပွားကို ထောက်ခံသောသူကို အမည်စာရင်း တင်သွင်းမည်ဟု ထင်ရကြောင်း နှင့် အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ယခင်က ကမ္ဘာ့ဘဏ်သည် တရုတ်ကို  ချေးငွေအများအပြား ထောက်ပံ့ပေးခဲ့သည် ဟု ဝေဖန်ပြောဆိုခဲ့သည်။

ကိုးကား အန်အိတ်ချ်ကေ
ဘာသာပြန် မြင့်မြင့်ချို

 

mdn