ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ  ကိုယ်ပိုင်ယာဉ်များဖြင့် လာရောက်လည်ပတ်လျက်ရှိ

နေပြည်တော် ၁၆  ဇန်နဝါရီ


ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ လုံခြုံစိတ်ချစွာဖြင့် အဆင်ပြေ ချောမွေ့စွာ သွားရောက်လည်ပတ်နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ တောတောင်ရေမြေ သဘာဝအလှအပများ၊ တိုင်းရင်းသား လူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကို ကြည့်ရှုလေ့လာခံစားနိုင်ရန် လေကြောင်း၊ ရေကြောင်းများဖြင့် သာမက နယ်စပ်ဝင်/ထွက်ပေါက်များမှ ကိုယ်ပိုင် မော်တော်ယာဉ်များဖြင့် လည်းကောင်း၊ ပြည်တွင်း အပျော်စီးသင်္ဘောများဖြင့်လည်းကောင်း လာရောက် လည်ပတ်လျက်ရှိပါသည်။ 

 

ာိည

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု Kaung Hein Shwe Sin International  Co.,Ltd စီစဉ် ဆောင်ရွက်မှုတို့ဖြင့် နော်ဝေးနိုင်ငံသားဧည့်သည် (၁) ဦးနှင့် ဆွစ်ဇာလန်နိုင်ငံသား ဧည့်သည် (၁) ဦး၊ စုစုပေါင်းဧည့်သည် နှစ်ဦးတို့သည် ၎င်းတို့၏ ကိုယ်ပိုင်မော်တော်ယာဉ် တစ်စီး ၊ ကိုယ်ပိုင် မော်တော်ဆိုင်ကယ် တစ်စီးဖြင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၇) ရက်နေ့မှ  ဇန်နဝါရီလ (၁၁) ရက်နေ့အထိ တမူး-ဂန့်ဂေါ-ပုဂံ-နေပြည်တော်-ကျိုက်ထီးရိုး-မြဝတီမြို့ ခရီးစဉ်အတိုင်း သွားလည်ပတ်၍ ဇန်နဝါရီလ (၁၁) ရက်နေ့တွင် မြဝတီနယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံသို့ ပြန်လည် ထွက်ခွာသွားကြပါသည်။


နိုင်ငံခြားသားခရီးသွားဧည့်သည်များသည် ပွင့်လင်းရာသီကာလဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံသို့ ပိုမိုတိုးမြှင့် ဝင်ရောက်နိုင်ရေးအတွက် ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်ခြင်းနှင့်ဘက်ပေါင်းစုံမှ ဖြေလျှော့ ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံ၏ ထင်ရှားသောဒေသများသို့ စဉ်ဆက်မပြတ်လာရောက်လည်ပတ် လျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သတင်းရရှိပါသည်။


MDN

 

ာိည