ကံမမြို့တွင် စိုက်ပျိုးရေးဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ကံမမြို့ရှိ စိုက်ပျိုးရေး ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့သည်။ 

 

ထိုသို့စစ်ဆေးရာတွင် ရောင်းချခွင့်မှတ်ပုံတင်ထားခြင်းရှိမရှိ၊ သက်တမ်းလွန်စိုက်ပျိုးရေးဆေးများ ရောင်းချခြင်းရှိမရှိ စစ်ဆေးခြင်းနှင့် စားသုံးသူအကာအကွယ်ပေးရေး ဗဟိုကော်မတီမှထုတ်ပြန်သည့် စားသုံးသူပြည်သူများနှင့် လုပ်ငန်းရှင်များသို့အသိပေးချက် အမိန့်ကြော်ငြာစာ ၁/၂၀၁၈ အရ ကုန်ပစ္စည်းများပေါ်တွင် မြန်မာစာဖြင့် ဖော်ပြပေးစေရေးနှင့် ရက်လွန်ဆေးများ ရောင်းချခြင်းမပြုစေရေးတို့အတွက် လိုက်နာဆောင်ရွက်နိုင်စေရန် လက်ကမ်းစာစောင် ဝေငှခြင်းလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ 

 

ကျော်ဇေယျဝင်း (ကံမ)