ကုလသမဂ္ဂရဲ့ ဝန်ထမ်း သုံးပုံတစ်ပုံမှာ လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရကြောင်း လေ့လာတွေ့ရှိ

mdn

၁၇ ဇန်နဝါရီ 

ကမ္ဘာ့ကုလသမဂ္ဂရဲ့ ဝန်ထမ်း သုံးပုံတစ်ပုံဟာ လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရဖူးကြောင်း လေ့လာတွေ့ရှိချက်ကို ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ကုလသမဂ္ဂ ဝန်ထမ်း သုံးဦးလျှင် တစ်ဦးနှုန်း လိင်ပိုင်ဆိုင်ရာ စော်ကားခံရဖူးကြောင်း ပထမဦးဆုံးထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ တွေ့ရပါတယ်။ 

ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူး အန်တိုနီအို ဂူတားရက်က ကုလသမဂ္ဂရဲ့အလုပ်ခွင်မှာ ပြောင်းလဲဖို့အတွက် သက်သေအထာက်အထားများ လိုအပ်ပါတယ်လို့ ကုလသမဂ္ဂဝန်ထမ်းတွေဆီ ရေးသားထားတဲ့ စာလည်း အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။ 

လိင်ပိုင်းဆိုင်ရာ စော်ကားမှုဆိုရာမှာ အများစုက လိင်ပိုင်းဆိုင်ရာ ပုံပြင်နဲ့ ဟာသ ပြောခြင်း၊ ကိုယ်ခန္ဓာ၊ အသွင်အပြင် သို့မဟုတ် လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေအပေါ်မှာ ဝေဖန်မှုတွေပေးခြင်းတို့ဖြစ်ပါတယ်။ 

ထို့အပြင် စော်ကားသူတွေကို ကြည့်မယ်ဆိုရင် သုံးပုံ နှစ်ပုံဟာ အမျိုးသားတွေဖြစ်နေတာကို တွေ့ရပါတယ်။  လေးပုံတစ်ပုံသောသူတွေက အထက်အရာရှိတွေ ဖြစ်ကြတယ်လို့ အစီရင်ခံစာမှာ ရေးသားထားတာပါတယ်။ 

ကုလအတွင်းရေးမှူးကတော့ လိင်ပိုင်းဆိုင်ရာစော်ကားမှုအတွက် လုံးဝသည်းခံမည်မဟုတ် ဟုဆိုေသာ မူဝါဒကို ဖော်ဆောင်သွားမယ်လို့ သံဓိဌာန်ချထားပါတယ်။ 

MDN
ကိုးကား - AFP