လေရှီးမြို့တွင် ၂ဝ၁၉ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ

လေရှီး ၁၅  ဇန်နဝါရီ 


စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့တွင် ၂ဝ၁၉ ခုနှစ် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကို ယနေ့ နံနက် ၉ နာရီက ကျင်းပရာ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စာရင်းစစ်ချုပ်၊ ဥပဒေချုပ်၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ  ညွှန်ကြားရေးမှူးချုပ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

mdn

အခမ်းအနားတွင် ၂ဝ၁၉ ခုနှစ် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်တွင် သဘာပတိ လေရှီးမြို့နယ် နာဂ ရိုးရာယဉ်ကျေးမှု ကော်မတီနာယက ဦးအောင်ဝင်းက အမှာစကားပြောကြားပြီး နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှု (ဗဟို) ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ထွဋ်တို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။ ယင်းနောက် လေရှီးမြို့နယ်နာဂ ရိုးရာယဉ်ကျေးမှုကော်မတီ အတွင်းရေးမှူး ဦးထွန်းနိုင်သူက နာဂရိုးရာနှစ်သစ်ကူးပွဲတော် ဖြစ်ပေါ်လာပုံသမိုင်းကို ရှင်းလင်းပြောကြားသည်။

mdn


ဆက်လက်ပြီး နာဂဦးစီးအဖွဲ့နှင့် အကြီးအကဲများက နိုင်ငံတော်အကြီးအကဲများကို နှစ်သစ်ကူးလက်ဆောင်များ ဂုဏ်ပြုပေးအပ်ကြပြီး ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က နာဂကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ လေရှီး၊ လဟယ်နှင့် နန်းယွန်းမြို့နယ်များသို ဖွံ့ဖြိုးရေး ထောက်ပံ့ပစ္စည်းများ နှင့် အားကစား ပစ္စည်းများကို လွှဲပြောင်းပေးအပ်ခြင်းနှင့် ၂ဝ၁၉ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော်တွင် ပါဝင်ဖျော်ဖြေခဲ့သော နာဂရိုးရာယဉ်ကျေးမှုအကအဖွဲ့ (၁၈)ဖွဲ့အား ထောက်ပံ့ငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

mdn


အခမ်းအနားတွင် နာဂကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ လေရှီး၊ လဟယ်နှင့် နန်းယွန်းမြို့နယ်များသို ဖွံ့ဖြိုးရေးထောက်ပံ့ ပစ္စည်းများအဖြစ် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အမျိုးသားဝတ် အနွေးထည် (၁၉၅) ထည်၊ လေပွအနွေးထည် (၁၉၂) ထည်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆန်အိတ် ၁ဝဝဝ ၊ သွပ်ချပ်ရေ ၂ဝဝဝ ၊ ဆိုလာမီးလင်းရေး ပစ္စည်း အစုံ ၁ဝဝ၊ ဗလာစာအုပ် ဒါဇင် ၄ဝဝ ၊ ကျောင်းဝတ်စုံ (အဖြူ/အစိမ်း) အစုံ ၁ဝဝ၊ စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ စောင်အထည် ၂၅၂ဝ၊ ကျားဝတ်လုံချည် အထည် ၁၂၆ဝ၊ အမျိုးသမီးဝတ်လုံချည် အထည် ၁၆၆ဝ ၊ ခြင်တောင် လုံးရေ ၁၅၄ဝ၊ ကျားဝတ် ဖလံထည်လက်ရှည် အထည် ၈၁ဝ၊ ပဲစင်းငုံ ပိသာ ၁ဝဝဝဝတို့အား ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။


ဝင်းဦး(ဇေယျာတိုင်း)

 

mdn