လက်ထပ်လိုက်ပြီဖြစ်တဲ့ ပါ့ခ်ဟေစိုး

တောင်ကိုရီးယားရဲ့ နာမည်ကျော်မင်းသားတစ်ဦးဖြစ်သူ ပါ့ခ်ဟေစိုးဟာ လတ်တလောမှာတော့ တောင်ကိုရီးယားမှာ သီးသန့်မင်္ဂလာပွဲပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဟန်စင်းနီးမားဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

သူနဲ့လက်ထပ်လိုက်တဲ့ သတို့သမီးဟာ သူ့ထက် ခြောက်နှစ်ခန့်ငယ်သူဖြစ်ပြီး လွန်ခဲ့တဲ့ တစ်နှစ်ခန့်က သူတို့နှစ်ဦးဟာ သူငယ်ချင်းတစ်ဦးရဲ့မိတ်ဆက်ပေးမှုကြောင့် စတင်တွေ့ဆုံခဲ့ကြ တာဖြစ်ပါတယ်။ သူတို့ရဲ့ မင်္ဂလာပွဲကိုတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်က ဆိုးလ်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

မင်္ဂလာအခမ်းအနားကိုတော့ နှစ်ဖက်ဆွေမျိုးတွေနဲ့ ရင်းနှီးသူ မိတ်ဆွေတွေနဲ့သာ ကျင်းပခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ သူတို့ရဲ့ မင်္ဂလာပွဲကိုတော့ ပါ့ခ်ဟေစိုးရဲ့ သူငယ်ချင်း တစ်ဦးဖြစ်သူ မင်းသားလီဂျီဆပ်က အစီအစဉ်တင်ဆက်သူအဖြစ် ပါဝင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

အေးပြည့်