လူငယ်များအကြား အသုံးများလာသည့် TIK TOK

၂၆ ဒီဇင်ဘာ 

 

တရုတ်နိုင်ငံ Byte Dance က တီထွင်ခဲ့ပြီး ၁၅ စက္ကန့်သာ ကြာမြင့်သည့် ဗီဒီယိုဖိုင်များ ပြုလုပ်နိုင်တဲ့ Tik Tok ဗွီဒီယို အက်ပလီကေးရှင်းဟာ ဆယ်ကျော်သက်များကြားမှာ ထင်ပေါ်ကျော်ကြားလာသလောက် မိဘများအတွက် မကြာခဏဆိုသလို စိတ်ပျက်စရာတွေ ဖြစ်ပေါ်လေ့ရှိနေသည်။ 

 

ဈေးကွက်လေ့လာဆန်းစစ်ရေးအဖွဲ့ Sensor Tower ၏ ထုတ်ပြန်ချက်အရ ယခုနှစ် ပထမနှစ်ဝက်အတွင်း Apple ၏ App Store ကနေ Tik Tok ဗွီဒီယို အက်ပလီကေးရှင်းအား ဒေါင်းလုတ်ရယူမှု အများဆုံးရှိခဲ့ပြီး ၎င်းအက်ပလီကေးရှင်းဟာ ဖေ့စ်ဘုတ်၊ အင်စတာဂရမ်၊ Snapchat တို့ကဲ့သို့ အထင်ကရ ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

 

 

 

လေ့လာဆန်းစစ်သူများ၏ ပြောကြားချက်အရ Tik Tok ဗွီဒီယို အက်ပလီကေးရှင်းဟာ ဆယ်ကျော်သက်များစွာကို မိတ်ဆက်ပေးခဲ့ပေမယ့် ရေရှည်တည်တံ့မယ့် စီးပွားရေးအဆင့်တစ်ခုအဖြစ် ရပ်တည်ဖို့ မဖြစ်နိုင်ဘူးဟု သိရသည်။ “Tik Tok  ဟာ အခြား ပလက်ဖောင်းတွေမှာ မရနိုင်တဲ့ ဗွီဒီယို အတိုတွေကို ဖန်တီးပေးပြီး ဈေးကွက်အုပ်စိုးမှု ရယူနိုင်ခဲ့တယ်။ ဒီတရုတ်အက်ပလီကေးရှင်းရဲ့ တိုးတက်လာပုံကနေတစ်ဆင့်  Silicon Valley ကုမ္ပဏီဟာ လေ့လာသင်ယူစရာရှိတယ်။ သူတို့ချင်း အပြန်အလှန် လေ့လာသင်ယူကြမယ်ဆိုရင် ၎င်းတို့ရဲ့ အက်ပလီကေးရှင်းတွေအတွက် တကယ့်ကို လူကြိုက်များလာနိုင်ဖွယ်ရှိတယ်” ဟု အမေရိကန် နည်းပညာ အကြံပေးကုမ္ပဏီမှ ဘရိုင်ယန် ဆိုလစ် ကပြောသည်။

 

Tik Tok အနေနဲ့ငယ်ရွယ်တဲ့ မိန်းကလေးတွေကြားမှာ တစ်ဟုန်ထိုး ကျော်ကြားလာမှုဟာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်သူများအတွက် အသုံးချစရာဖြစ်လာမှာကိုလည်း ဝေဖန်မှုများ ရှိနေသည်။ Tik Tok အက်ပလီကေးရှင်းဘက်တော့ ၎င်းအနေနဲ့ ဗွီဒီယိုများကို မျှဝေဖို့ဖြစ်ပြီး ဘာကန့်သတ်ချက်မှ မရှိကြောင်းနှင့် အသက် ၁၂ နှစ်အထက် ကလေးများသာ အသုံးပြုရန် အဆိုပြုထားသည်။ အမျိုးသမီးများကို မကြာခဏအရှက်ရစေပြီး မဖွယ်မရာ ကိစ္စတွေမှာ ရှင်းရှင်းလင်းလင်း ဘာသာပြန်ဆိုထားသည့် သီးချင်းတွေကြောင့် ငယ်ရွယ်သူ မိန်းကလေးများအတွက် မိဘတွေမှာ စိတ်မအေးဖြစ်နေရသည်။

 

 

အသုံးပြုသူများ တွေ့ကြုံနေရသည့် စိတ်ပျက်ဖွယ် ဖြစ်စဉ်များကို မီဒီယာများက မှတ်တမ်းတင် ထုတ်ဖော်နေသလို အခြားတစ်ဖက်တွင်လည်း ပုဂ္ဂလိကဆိုင်ရာ အသေးစိတ်အချက်အလက်များနှင့် ဓာတ်ပုံများတင်နိုင်ရန် အသုံးပြုသူများ၏ တောင်းဆိုမှုများရှိနေသည်။

 

ပြီးခဲ့သည့် နွေရာသီက အင်ဒိုနီးရှားနိုင်ငံ၌ လူပေါင်း ၁၇၀ဝဝဝ က ကလေးသူငယ်များအတွက် မသင့်လျော်ကြောင်း အသနားခံစာတွင် လက်မှတ်ရေးထိုး တောင်းဆိုခဲ့ပြီးနောက် အစိုးရက Tik Tok ကို အသုံးပြုခွင့် ပိတ်သိမ်းလိုက်သည်။ ယင်းသို့ ပိတ်သိမ်းမှုဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံမှ Tik Tok ကိုယ်စားလှယ်များဟာ ဂျကာတာသို့ သွားရောက်ကာ မဖွယ်မရာ ကိစ္စရပ်များကို ဖယ်ရှားပစ်ရန် လူအင်အားငှားရမ်း အသုံးပြုပါမည်ဟု ကတိပေးခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံတွင် ပြန်လည်အသုံးပြုခွင့် ရခဲ့သည်။

 

အမေရိကန်နိုင်ငံ အင်တာနက် စောင့်ကြည့်ရေးအဖွဲ့ကတော့ အသုံးပြုသူများအနေဖြင့် အနည်းဆုံး အသက် ၁၆ နှစ် ရှိသင့်ကြောင်း အဆိုပြုထားသည်။ ဘရိုင်ယန်ဆိုလစ် ကတော့ Tik Tok ၏ အသက်ကန့်သတ်ချက်ဟာ အရမ်းငယ်နေပြီး အန္တရာယ်ကို ဖိတ်ခေါ်သလို ဖြစ်နေကြောင်းနှင့် Tik Tok အသုံးပြုသူများဟာလည်း အသက်ကိုလိမ်ညာထားကြောင်း ပြောဆိုထားသည်။ သို့သော် အသက်ကန့်သတ်ချက်ကို  မြှင့်တင်သတ်မှတ်လိုက်ပါကလည်း အသုံးပြုသူ သန်းပေါင်းများစွာကို ဖယ်ထုတ်လိုက်သကဲ့သို့ဖြစ်ပြီး Tik Tok ၏ အရှိန်အဟုန်ဖြင့် တိုးတက်အောင်မြင်မှုကိုလည်း အဟန့်အတားဖြစ်စေနိုင်သည်။ သာဓကအားဖြင့် ပြင်သစ်နိုင်ငံတွင် အသက် ၁၁ နှစ်မှ ၁၄ နှစ်အတွင်း ၃၈ ရာခိုင်နှုန်းသည် Tik Tok ကိုအသုံးပြုနေသည်။ ပြင်သစ်ဆယ်ကျော်သက် အများစုဟာ မိန်းကလေးမျာဖြစ်နေပြီး ၎င်းတို့ထဲမှ ၅၈ ရာခိုင်နှုန်း၏ Tik Tok အကောင့်မှာ ယောကျာ်းလေး ၁၅ ရာခိုင်နှုန်းရှိနေသည်။  ပြီးခဲ့သည့်လအတွင်းကလည်း ပြင်သစ်ရဲတပ်ဖွဲ့က ဆယ်ကျော်သက် ကလေးငယ်များကို လိင်ပိုင်းဆိုင်ရာ ပြစ်မှတ်များအဖြစ် သတ်မှတ်လာနိုင်ကြောင်း မိဘများကို သတိပေးထားသည်။

 

 

 

အက်ပလီကေးရှင်း တီထွင်ခဲ့သည့် Byte Dance ကလည်း အသုံးပြုသူများကို ကာကွယ်ပေးနိုင်ဖို့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေကြောင်းနှင့် စောင့်ကြည့်လေ့လာမှုများလည်း ပြုလုပ်နေကြောင်း ပြောဆိုထားသည်။ 

 

“လူမှုကွန်ရက် ဆိုးကျိုးသက်ရောက်မှုတွေဟာ အလွန်ဆန်းသစ်လာတယ်။ မိဘတွေ၊ ဆရာ/ ဆရာမတွေအနေနဲ့ မျိုးဆက်သစ်တွေကို နည်းပညာရဲ့သားကောင် မဖြစ်ရအောင် ထိန်းကျောင်းသင့်တယ်” ဟု ဘရိုင်ယန်ဆိုလစ်က အကြံပြုထားသည်။

 

ပြင်သစ်နိုင်ငံသား ဝီလျံ စောလေ ဟာ အသက် ၁၂ အရွယ် သမီးဖြစ်သူ၏ ဖခင်ဖြစ်ပြီး ၎င်း၏ သမီးဟာ အကဝါသနာပါသူလည်း ဖြစ်သည်။ “ကျွန်တော်တို့ ဒီကိစ္စကို သမီးနဲ့ တိုင်ပင်ခဲ့တယ်။ ပြီးတော့ သူ့ဖုန်းကနေ ဒီအက်ပလီကေးရှင်းကို ဖယ်ရှားပစ်ခဲ့တယ်။ ဒီလိုကိစ္စမျိုးကို ဖြေရှင်းဖို့က မိဘတွေအနေနဲ့ အင်တာနက်ဆိုတာ ကမ္ဘာကြီးကို ထိန်းကျောင်းနေတာ မဟုတ်ဘူးဆိုတာ နားလည်ထားသင့်တယ်” ဟု Tik Tok နှင့်ပတ်သက်ပြီး ပြောကြားခဲ့သည်။

 

SMZaw(MDN)
Source> AFP